သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ရုရှား သမ္မတ ၂ ဦး တယ်လီဖုန်းဆက် ဆွေးနွေးမည်


အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin။
အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin။

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ မနက်ဖြန် စနေနေ့မှာ တယ်လီဖုန်းကနေတဆင့် စကား ပြောကြလိမ့်မယ်လို့ ယူဆရပြီး ဒါဟာ မစ္စတာ Trump တရားဝင် သမ္မတ တာဝန်ယူပြီးတဲ့နောက် ခေါင်းဆောင်နှစ်ဦး ပထမဆုံး အကြိမ် စကားပြောတာ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ Trump အနိုင်ရခဲ့ချိန် တုန်းကလည်း သူတို့နှစ်ဦး တကြိမ် စကားပြောခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းကတော့ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ပြန်လည်ထားရှိ လိုတဲ့အကြောင်း ပြောခဲ့ကြတာပါ။ သူ့အနေနဲ့ အရင်သမ္မတ ဘရာ့ခ်အိုဘားမားထက် ပိုပြီး ရုရှားနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လို တဲ့အကြောင်း သမ္မတ Trump က ပြောဆိုထားသလို အိုဘားမား အစိုးရလက်ထက် ရုရှားနိုင်ငံအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေ ဖယ်ရှားပေးနိုင်ချေ ရှိတာကိုလည်း ပြောထားပါတယ်။

သမ္မတ Trump ကို ဝေဖန်သူတွေကတော့ မစ္စတာပူတင်နဲ့ ဆက်ဆံရေးကို သဘောမတွေ့ပါဘူး။ Trump ဟာ မစ္စတာပူတင် ကြိုးဆွဲရာကတဲ့ ရုပ်သေးလို့ ဒီမိုကရက်တစ်ပါတီကနေ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဝေဖန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ Trump အသာစီးရအောင် ရုရှားက ကြားဝင် နှောက်ယှက်ပေး ခဲ့တာတွေ ရှိခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ တွေက သမ္မတကို အစီရင်ခံခဲ့တယ်လို့လဲ စွပ်စွဲ ပြောဆိုမှုတွေရှိခဲ့ပါတယ်။ သမ္မတ Trump ကတော့ ရုရှားအကူအညီ နဲ့ ရွေး ကောက်ပွဲမှာ သူ အနိုင်ရခဲ့တာလို့ ပြောနေတာတွေကို လက်မခံပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG