သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Bill Clinton နဲ့ အမျိုးသမီးတွေကိစ္စ Trump ပြန်ဖော်


ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းဖြစ်လာမယ်လို့ ယုံကြည်ထားကြတဲ့ Donald Trump က ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးမှုတွေ သေးသိမ်သွားအောင် ရည်ရွယ်ပြီး သမ္မတဟောင်း Bill Clinton ကို ပစ်မှတ်ထား လူမှုကွန်ယက်ကနေ တိုက်ခိုက်လာနေပါတယ်။

Instagram လူမှုကွန်ယက်က ထုတ်ပြန်လိုက်တဲ့ Donald Trump ရဲ့ ဗွီဒီယိုမှာ အန္တရာယ်ကို ဖိတ်ခေါ်နေတဲ့ တီးလုံးမျိုး နောက်ခံတီးပြီး ၁၉၉၀ ခုနှစ်တွေအတွင်း သမ္မတဟောင်း ဘေလ် ကလင်တန်ဟာ သူတို့ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ အမျိုးသမီးသုံးယောက်ရဲ့ အသံနဲ့ ပေါင်းစပ်ထားပါတယ်။

ဗွီဒီယိုအဆုံးမှာ ဟီလာရီကလင်တန်နဲ့ သမ္မတဟောင်း Bill Clinton တို့ အတူထိုင်နေတဲ့ ဓာတ်ပုံကိုပြပြီး အခု ဒါမျိုး ထပ်လုပ်ကြတာပေါ့လို့ အဓိပ္ပါယ်ရတဲ့ စာတမ်းထိုးထားပါတယ်။ ဟီလာရီကလင်တန် ရယ်မောနေတဲ့ အသံနဲ့ ဗွီဒီယိုကို အဆုံးသတ်ထားပါတယ်။

သမ္မတဟောင်း ကလင်တန်နဲ့ ဆက်နွယ်ပြီး မတင်မကျဖြစ်နေတဲ့ မဲဆန္ဒရှင်တွေကို သတိပေးတဲ့အနေနဲ့ ဒီလို တိုက်ခိုက်မှုတွေ ဆက်ပြီး လုပ်သွားမှာဖြစ်တဲ့အကြောင်း Donald Trump က မကြာသေးခင်က တွေ့ဆုံ မေးမြန်းခန်းတွေမှာ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ဒီလို အဆက်အစပ်မရှိတဲ့ တိုက်ခိုက်မှုတွေဟာ သတင်းဌာနတွေအတွက် သတင်းဖြစ်ရုံသက်သက်သာ ဖြစ်လိမ့်မယ်ဆိုပြီး နိုင်ငံရေးသုံးသပ်သူတွေက သုံးသပ်ပါတယ်။

ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ပြောခွင့်ရ Brian Fallon ကတော့ Trump ရဲ့ တိုက်ခိုက်မှုတွေဟာ အကြောင်းအရာကို အခြေခံတဲ့ မဲဆွယ်စည်းရုံးမှုတွေကို လမ်းကြောင်းလွဲအောင် နှောင့်ယှက်လိုက်တာဆိုပြီး Bloomberg ရုပ်သံကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG