သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NATO ကို Donald Trump ထောက်ခံမည်


ဗြိတိန်ဝန်ကြီးချုပ် May နဲ့ အမေရိကန်သမ္မတသစ် ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲ။
ဗြိတိန်ဝန်ကြီးချုပ် May နဲ့ အမေရိကန်သမ္မတသစ် ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲ။

သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်ကစပြီးနိုင်ငံရပ်ခြား ခေါင်းဆောင်တဦးနဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ အမေရိကန် သမ္မတ Donald Trump က ဗြိတိန်နဲ့ အမေရိကန် ၂ နိုင်ငံကြား အထူးဆက်ဆံရေး ရှိတယ်လို့ ပြောဆိုခဲ့သလိုဗြိတိသျှ ဝန်ကြီးချုပ် Theresa May ကလည်း ဒါကို သဘောတူခဲ့ပါတယ်။

ဒါ့အပြင် ၂ နိုင်ငံကြား ဘုံ စီးပွါးရေး အကျိုးအမြတ်တွေ ရှိသလို စံတန်ဖိုးတွေ အတူတကွမျှဝေမှု ရှိနေကြောင်း အထူးသဖြင့် သမ္မတသစ် Trump က NATO မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ အတွက် ရာနှုံးပြည့် ရပ်တည်မယ်လို့ ကတိပြုခဲ့ကြောင်းလည်း ပြောပါတယ်။

NATO ဟာ ခေတ်မမှီတော့သလို အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ကာကွယ်ရေးဆိုင်ရာ အတွက် သူတို့ထည့်ဝင်ရမယ့် ကုန်ကျစရိတ်ကို စပြီး ပေးကြဖို့ Trump ရဲ့ ပြောဆိုချက်တွေကြောင့် ဥရောပနိုင်ငံကြီးတွေက ကြေညာချက်တွေ ထုတ်ပြန်ပြီးစိုးရိမ်ကြောင်း ပြသလာ ကြတာပါ။

ဝန်ကြီးချုပ် May နဲ့ ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲမှာ Trump က သူ့ရဲ့ အဖွားဟာ Scottland ဇာတိမို့ ဗြိတိန်နိုင်ငံဟာ သူ့နှလုံးသားနဲ့ သိပ်နီးစပ်တဲ့ နိုင်ငံဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဗြိတိန်နဲ့ စစ်ရေး၊ ငွေကြေးဆိုင်ရာ၊ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆိုင်ရာ တွေမှာ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်မှု ရှိနေတယ် ဆိုတာကို ဒီကနေ့ ပြန်လည် ဆန်းသစ်ခဲ့တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ ရဲ့ အတူတကွ ရပ်တည်မှုဟာ ကြွယ်ဝချမ်းသာခြင်းနဲ့ တရားဥပဒေစိုးမိုးမှုအတွက် စံပြ အဖြစ်ရှိနေတယ်လို့လည်း သမ္မတ Trump က ပြောကြားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ EU ဥရောပသမဂ္ဂက ခွဲထွက်ဖို့ လုပ်ဆောင်မှုကိုလည်း သမ္မတ Trump က ထောက်ခံခဲ့ပါတယ်။

NATO ကို Donald Trump ထောက်ခံမည်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG