သုံးရလွယ်ကူစေသည့် Link များ

Trump နဲ့ပတ်သက်လို့ ဘုန်းတော်ကြီး Dalai Lama စိတ်မပူ


Donald Trump သမ္မတဖြစ်လာတဲ့အတွက် သူ့အနေနဲ့ ဘာမှ စိုးရိမ်မှုမရှိဘူးလို့ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပြီး သူ့အနေနဲ့ အနာဂတ်မှာ Trump နဲ့ တွေ့ဆုံလိုကြောင်း ပြောပါတယ်။

Trump အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလအတွင်း သွေးကွဲစေတဲ့ အကြောင်းအရာတွေ ပြောဆိုခဲ့ပေမဲ့လည်း သူ သမ္မတ ဖြစ်လာတဲ့အခါ အဲဒီလို ပြောဆိုမှုတွေကနေ ရှောင်ရှားလိမ့်မယ်လို့ အဝေးရောက် တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမားက ပြောပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလတွေအတွင်း ကိုယ်စားလှယ်လောင်းတွေအနေနဲ့ တခါတလေ ပိုပြီး လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရတယ်လို့ သူ့အနေနဲ့ ခံစားရကြောင်း၊ ဒါပေမဲ့ ရွေးကောက်ခံလိုက်ပြီဆိုရင်တော့ လက်တွေ့ကျတဲ့ မျှော်မှန်းချက်ကို သူတို့ ချမှတ်ကြရမှာ ဖြစ်ကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ စိုးရိမ်မှု မရှိကြောင်း မွန်ဂိုလီးယားနိုင်ငံ မြို့တော် Ulaanbaatar ကို ရောက်နေတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။

ရှေ့နှစ်အတွင်း အမေရိကန်ပြည်ထောင်စုကို သွားဖို့ရှိပြီး အဲဒီအချိန်ကျရင် Trump နဲ့ တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။

XS
SM
MD
LG