သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုးအိမ်နဲ့ မြို့ပြဝန်ကြီးခန့်ဖို့ ပြိုင်ဘက်ဟောင်း Carson ကို Trump ရွေးချယ်


ရွေးကောက်ခံသမ္မတ Trump နဲ့ အငြိမ်းစား ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆရာဝန်ကြီး Ben Carson တွေ့ဆုံစဉ်
ရွေးကောက်ခံသမ္မတ Trump နဲ့ အငြိမ်းစား ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆရာဝန်ကြီး Ben Carson တွေ့ဆုံစဉ်

ရွေးကောက်ခံသမ္မတ Trump က Republican ပါတီတွင်း သူ့ပြိုင်ဘက်ဟောင်းတွေအနက် တဦးဖြစ်တဲ့ အငြိမ်းစား ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆရာဝန်ကြီး Ben Carson ကို အိမ်ယာနဲ့ မြို့ပြဖွံ့ဖြိုးရေးဌာန ဝန်ကြီးခန့်အပ်ဖို့ ရွေးချယ်လိုက်ပါတယ်။

Carson အနေနဲ့ လူမှုအဖွဲ့အစည်းတွေ အားဖြည့်ပေးရေးနဲ့ မိသားစုဝင်တွေဘဝ မြှင့်တင်ပေးရေးအတွက် ဆန္ဒပြင်းပြပြီး ထူးချွန်တဲ့လူတဦး ဖြစ်ကြောင်းTrump က တနင်္လာနေ့က ပြောခဲ့ပါတယ်။ အသက် ၆၅ နှစ်အရွယ် Carson အနေနဲ့ အိုးအိမ်ဆိုင်ရာ ပေါ်လစီနဲ့ ပတ်သက်လို့ အတွေ့အကြုံ မရှိပေမယ့် တန်ဖိုးနည်း အိမ်ယာမှာ သူ့ကလေးဘဝက နေထိုင်ခဲ့တဲ့ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။ ဒီတန်းဖိုးနည်း အိမ်ယာ ကိစ္စတွေဟာ အိမ်ယာနဲ့မြို့ပြဖွံ့ဖြိုးရေး ဝန်ကြီးဌာနအောက်က ဖြစ်ပါတယ်။ အတိတ်ကတော့ Carson အနေနဲ့ အစိုးရရဲ့ တန်ဖိုးနည်းအိမ်ယာ အစီအစဉ်တွေဟာ လူတွေရဲ့ မှီခိုလိုတဲ့စိတ်ဓါတ်ကို အားပေးရာရောက်တယ်လို့ ဝေဖန်ခဲ့ပြီး လူတဦး အောင်မြင်ဖို့အတွက် ကိုယ်ကြိုးစားမှရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သူဖြစ်ပါတယ်။

Republican သမ္မတလောင်း အမည်စာရင်းမှာ ပါဝင်ဖို့ ယှဉ်ပြိုင်ရာမှာ Trump နဲ့ Carson ပါဝင်ခဲ့ပြီးနောက်ပိုင်း သူ့ပေါ်ထောက်ခံမှု လျှော့နည်း လာတဲ့အတွက်ကြောင့် ယှဉ်ပြိုင်မှုက နှုတ်ထွက်ပြီး Trump ကို ထောက်ခံခဲ့သူဖြစ်ပါတယ်။ Trump အစိုးရသစ်မှာ ပါဝင်ဖို့ သူဟာ ပထမဆုံး အမည်တင်သွင်းခံရတဲ့ အာဖရိနွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။ အမေရိကန်အစိုးရသစ်မှာ ဝန်ကြီးတွေအဖြစ် Trump ရဲ့ ရွေးချယ် ခံရသူတွေနဲ့အလားတူ Carson ရဲ့ ရာထူးခန့်အပ်မှုဟာ Republican တို့ ထိန်းချုပ်တဲ့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ လိုအပ်ပါတယ်။

ဒီအတောတွင်း နိုင်ငံခြားရေးဝန်ကြီး အဖြစ်ရွေးချယ်ဖို့ ပြီးခဲ့တဲ့သတင်းပတ်က နယူးယောက်မြို့တော်ဝန်ဟောင်း Rudy Giuliani ၊ ၂၀၁၂ ခုက Republican သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သူ Mitt Romney ၊ စီအိုင်အေ အကြီးအကဲဟောင်း David Petraeus နဲ့ တန်နက်စီပြည်နယ် အထက်လွှတ်တော်အမတ် Bob Corker လေးဦး ပြီးခဲ့တဲ့သတင်းပတ်က တစ်ပြေးခဲ့ပေမယ့် Trump အနေနဲ့ ကုလသမဂ္ဂ သံအမတ်ကြီးဟောင်း John Bolton အပါအဝင် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း Jon Huntsman စတဲ့ပုဂ္ဂိုလ်တွေကိုလဲ တွေ့ဆုံမေးမြန်းဆဲ ဖြစ်တယ်လို့ သိရပါတယ်။ Trump နဲ့ ဒီမိုကရက် ဒုသမ္မတဟောင်း Al Gore နဲ့လည်းတွေ့ဆုံခဲ့ပြီး လ ရာသီဥတုပြောင်းလဲရေး ထိန်းသိမ်းရေးကိစ္စတွေနဲ့ ပတ်သက်လို့ နှစ်ဦးလက်ခံနိုင်တဲ့ စစ်မှန်တဲ့ အခြေအနေကို ဆွေးနွေးနိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG