သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican အမတ်တွေဆန္ဒပြခံရမှု Obama ကြောင့်လို့ Trump ဝေဖန်


အမေရိကန်ကွန်ဂရက်လွှတ်တော် ခေတ္တရပ်နားထားချိန်ကာလမှာ - ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေက သက်ဆိုင်ရာ သူတို့ရဲ့ မဲဆန္ဒနယ်မြေက မဲဆန္ဒရှင်ပြည်သူတွေနဲ့ တွေ့ဆုံချိန် - ကန့်ကွက်ဆန္ဒပြမှုတွေ ကြုံခဲ့ရတဲ့အပေါ် - သမ္မတ Donald Trump က သူ့အရင် တာဝန်ယူခဲ့တဲ့ သမ္မတဟောင်း Barack Obama ကို အပြစ်တင်လိုက်ပါတယ်။

Obamacare လို့ ထင်ရှားခဲ့သလို - သမ္မတဟောင်း ဘရက်ခ် အိုဘားမားရဲ့ အောင်မြင်မှုတခုဖြစ်ခဲ့တဲ့ အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ပယ်ဖျက်ဖို့ ကြိုးစားနေတာတွေနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ်တွေဟာ မဲဆန္ဒပြည်သူတွေရဲ့ ဒေါသတကြီး မေးခွန်းထုတ် ခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဆန္ဒပြ ကန့်ကွက်သူတွေထဲက တော်တော်များများဟာ အတိုက်အခံ ဒီမိုကရက်တွေက စည်းရုံးထားသူတွေ ပါဝင်နေတယ်လို့လည်း ရီပတ်ဘလစ်ကန် တချို့က ပြောဆိုထားပါတယ်။

သမ္မတ Trump ကတော့ - ဒီကိစ္စရဲ့ နောက်ကွယ်မှာ သမ္မတဟောင်း အိုဘားမားရဲ့လူတွေ ပါဝင်နေတာ သေချာတာကြောင့် - သူ ကိုယ်တိုင်လည်း ပါဝင်လိမ့်မယ်လို့ ယူဆကြောင်း - အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ Fox and Friends ရုပ်မြင်သံကြား ဆွေးနွေးခန်းအစီအစဉ် - တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါဟာ နိုင်ငံရေးကစားကွက်ဖြစ်သလို - သမ္မတဟောင်းကိုယ်တိုင်ကလည်း နောက်ကွယ်ကနေ နိုင်ငံရေးကစားနေကြောင်း၊ ဒါတွေဟာ ရှေ့မှာလည်း ဆက်ဖြစ်နေနိုင်သလို - သူ့အနေနဲ့ကတော့ သမ္မတဟောင်း လုပ်ချင်တဲ့ကိစ္စတွေကို ပြောင်းလဲနေတဲ့အကြောင်း - သမ္မတ Trump က ပြောဆိုသွားခဲ့ပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG