သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားအလုပ်သမားခေါ်ခွင့် H1B ဗီဇာတင်းကြပ်ဖို့ Trump အမိန့်ထုတ်ပြန်


U.S. President Donald Trump speaks before signing an executive order directing federal agencies to recommend changes to a temporary visa program used to bring foreign workers to the United States to fill high-skilled jobs during a visit to Snap-On Inc., a
U.S. President Donald Trump speaks before signing an executive order directing federal agencies to recommend changes to a temporary visa program used to bring foreign workers to the United States to fill high-skilled jobs during a visit to Snap-On Inc., a

အမေရိကန်ပြည်ထောင်စုအတွင်း နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ခန့်တဲ့နေရာမှာ လိုက်နာရမယ့် တင်းကြပ်တဲ့ စည်းမျဉ်းတွေကို သမ္မတ Donald Trump က အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပြီး အမေရိကန် အစိုးရ ဌာနတွေအနေနဲ့ အမေရိကန်ဖြစ် ပစ္စည်းတွေကို အသုံးပြုရမယ့် တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကိုပါ တပါတည်း ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်အလုပ်သမားတွေဟာ အခွင့်အရေး တန်းတူမရကြဘူးလို့ အနောက်အလယ်ပိုင်း ပြည်နယ်တခုဖြစ်တဲ့ Wisconsin ပြည်နယ်က ပစ္စည်းကိရိယာ တန်ဆာပလာတွေ ထုတ်လုပ်တဲ့ စက်ရုံတခုကို သွားရောက်စဉ် ပြောကြားလိုက်တာပါ။ အမေရိကန်ဖြစ်တွေကို ဝယ်ယူ သုံးစွဲကြ၊ အမေရိကန်နိုင်ငံသားတွေကို အလုပ်ခန့်ကြလို့ ဆိုတဲ့ သမ္မတရဲ့ အမိန့်ကြေညာချက်ကို လက်မှတ်ထိုးတဲ့ အခမ်းအနားကိုလည်း အဲဒီ စက်ရုံမှာ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားက ကျွမ်းကျင် လုပ်သားတွေကို ခေါ်ယူတဲ့ H1B ဗီဇာ ထုတ်ပေးတဲ့ကိစ္စကိုလည်း ပြန်လည် သုံးသပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

သူ့အစိုးရအနေနဲ့ အမေရိကန် အလုပ်သမားတွေနဲ့ အလုပ်အကိုင်တွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်း၊ အမေရိကန်သာလျင် နံပတ် ၁ ဦးစားပေးဖြစ်ရမယ်လို့လည်း အဲဒီ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဥပဒေတွေကို တင်းကြပ်စွာ လိုက်နာ ဆောင်ရွက်ခြင်းမရှိတဲ့အပြင် ဥပဒေတွေရဲ့ ဟာကွက်တွေကို အသုံးချနေကြတဲ့အတွက် အမေရိကန် အလုပ်သမားတွေနဲ့ ကုမ္ပဏီတွေရဲ့ အလုပ်အကိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ ထိခိုက် နစ်နာစေတယ်လို့ အဆင့်မြင့် အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါဟာ အမေရိကန် စီးပွားရေးကို ထိခိုက်စေတဲ့ အကြောင်းအရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတ Trump ရဲ့ ကုမ္ပဏီတွေက ရောင်းချတဲ့ ကုန်ပစ္စည်း တချို့ကို အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တာဖြစ်ပေမယ့် အများစုကိုတော့ တရုတ်၊ မက္ကဆီကို၊ အိန္ဒိယနဲ့ ဂျာမနီတို့ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG