သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့လျှို့ဝှက်ဆက်သွယ်ဖို့ သားမက် ကြိုးပမ်းမှု သမ္မတ Trump ကာကွယ်


ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Donald Trump အနိုင်ရခဲ့ပြီးချိန်မှာ ရုရှားနဲ့ သီးသန့်လျှို့ဝှက်ဆက်သွယ်ရေး လမ်းကြောင်းတခုထားရှိဖို့ သမ္မတ Trump ရဲ့သားမက်ဖြစ်သူလည်းဖြစ်၊ အိမ်ဖြူတော်အကြီးတန်းအကြံပေးလည်းဖြစ်သူက ကြိုးစားခဲ့တယ်ဆိုတဲ့အပေါ် သမ္မတ Trump ကကာကွယ်ပြောကြားခဲ့ပါတယ်။

Jared Kushner ဟာနိုင်ငံအတွက်ကောင်းကောင်းအလုပ်လုပ်သူဖြစ်ပြီး သူ့အပေါ် ယုံကြည်ချက် အပြည့်ရှိတယ်လို့ သမ္မတ Trump က New York Times သတင်းစာနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ New York အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတခုရဲ့ အမှုဆောင်အရာရှိဖြစ်သူ အသက် ၃၆ နှစ်အရွယ် Kushner ဟာ Trump ရဲ့သမီးကြီး Ivanka Trump ရဲ့ခင်ပွန်းဖြစ်ပါတယ်။

Ivanka Trump ဟာလည်း အိမ်ဖြူတော်အကြံပေးတာဝန်ကို ယူထားသူဖြစ်ပါတယ်။ Kushner ဟာ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီး Sergey Kislyak နဲ့ ဒီဇင်ဘာလတုန်းက တေ့ွဆုံခဲ့ပြီး ရုရှားအစိုးရနဲ့ လှို့ဝှက်ဆက်သွယ်ရေးလမ်းကြောင်းတခု ထားရှိဖို့ ပြောကြားခဲ့တယ်လို့ အမေရိကန်သတင်းမီဒီယာတော်တော်များများက သတင်းထုတ်ပြန်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG