သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူအန္တရာယ် ဖယ်ရှားရေး ကန်နည်းလမ်းရှာ


အမေရိကန် တိုက်ခိုက်ရေး ရေတပ် တိုက်ခိုက်ရေး အုပ်စုတခု ကိုရီးယားကျွန်းဆွယ်ကို ဦးတည် သွားနေ
အမေရိကန် တိုက်ခိုက်ရေး ရေတပ် တိုက်ခိုက်ရေး အုပ်စုတခု ကိုရီးယားကျွန်းဆွယ်ကို ဦးတည် သွားနေ

နျူကလီးယားလက်နက် ရှိနေတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေ ရှာပေးဖို့ သမ္မတ Donald Trump က အစိုးရ အရာရှိတွေကို တောင်းဆိုထားတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ ရက်စက် ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ပြီး အခုဆိုရင် နျူကလီးယားပါ ပိုင်ဆိုင်လာပြီဖြစ်ကြောင်း၊ ဒါကြောင့် အမေရိကန် ပြည်သူတွေနဲ့ ဒေသတွင်းက မဟာမိတ်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အကာကွယ် ပေးနိုင်ရေးအတွက် အဲဒီ ခြိမ်းချောက်မှုကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေကို သူ့ထံ တင်ပြကြဖို့ သမ္မတက တောင်းဆိုထားတာ ဖြစ်ကြောင်း မြောက်ကိုရီးယားကို သတင်းစကား ပေးတဲ့အနေနဲ့ အမေရိကန် တိုက်ခိုက်ရေး ရေတပ် တိုက်ခိုက်ရေး အုပ်စုတခု ကိုရီးယားကျွန်းဆွယ်ကို ဦးတည် သွားနေတဲ့အချိန်မှာပဲ McMaster က Fox သတင်းဌာနကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အနောက်ပိုင်း ပစိဖိတ်သမုဒ္ဒယာအတွင်းမှာရှိတဲ့ အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို လိုအပ်ရင် အကာကွယ်ပေးဖို့ Carl Vinson ဆိုတဲ့ အမေရိကန်ရေတပ် တိုက်ခိုက်ရေး အုပ်စုကို စေလွတ်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း McMaster က ပြောပါတယ်။ မြောက်ကိုရီးယားက နျူလကီးယား လက်နက်တည်ဆောက်ပြီး ရန်လိုတဲ့ အပြုအမူတွေ လုပ်ဆောင်နေတာဟာ လက်မခံနိုင်စရာ ကိစ္စဖြစ်တယ်ဆိုတာကို သမ္မတ Trump နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဖလော်ရီဒါပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ထိပ်သီး စည်းဝေးပွဲအတွင်း သဘောတူခဲ့ကြတယ်လို့လည်း McMaster က ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကီလိုမီတာ ၈,၀၀၀ လောက်ဝေးတဲ့ အမေရိကန်ကို လှမ်းပစ်နိုင်ပြီး နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်ကို တည်ဆောက်နိုင်ဖို့ ကြိုပမ်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG