သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော် ကမောက်ကမ အခြေအနေသတင်း Trump ငြင်းဆို


အိမ်ဖြူတော်အတွင်း ကမောက်ကမတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ မမှန်ကန်ကြောင်း ပြသဖို့ သမ္မတ Donald Trump က ကြိုးပမ်းနေပါတယ်။

သမ္မတ Trump အစိုးရအဖွဲ့အတွင်း အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတယ် - ဆိုတဲ့ မဟုတ်မှန်တဲ့ သတင်းတွေ ပြောဆိုနေတာတွေကို မယုံကြဖို့ သမ္မတ Trump က Twitter လူမှုကွန်ယက်ကတဆင့် အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။ သူတို့အကြားမှာ အချင်းများနေခြင်း မရှိကြောင်း၊ ကြီးမားတဲ့ လုပ်ငန်းတွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း သမ္မတ Trump က ပြောပါတယ်။

သူနဲ့ သက်ဆိုင်တဲ့ အငြင်းပွားစရာ ကိစ္စရပ်တွေကို သူ့လက်အောက် ဝန်ထမ်းတွေက ကိုင်တွယ် ဖြေရှင်းမှုတွေနဲ့ ပတ်သက်လို့ သမ္မတ Trump က အမျက်ဒေါသထွက်နေတယ်ဆိုပြီး အမေရိကန် သတင်းမီဒီယာတွေမှာ လွန်ခဲ့တဲ့ ရက်အနဲငယ်အတွင်း ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တဲ့အပေါ် သမ္မတ Trump က တုံ့ပြန် ပြောဆိုလိုက်တာပါ။

အမေရိကန် ပုံနှိပ်သတင်းဌာနတွေနဲ့ ရုပ်သံဌာနတွေက အိမ်ဖြူတော်အတွင်း ဖြစ်နေတဲ့ နောက်ကွယ်က အဖြစ်အပျက်တွေကို ရေးသား ပြောဆိုကြတဲ့အခါ အမည်မဖော်လိုတဲ့ သူတွေကို ကိုးကား သုံးနှုန်းနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ သမ္မတ Trump က အဲဒီ ပင်မ သတင်းဌာနတွေကို ပြန်လည် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ သူတွေကို ကိုးကား ပြောဆိုမှုတွေဟာ စိတ်ကူးယဉ်ဆန်တဲ့ သတင်းအတုတွေဖြစ်ကြောင်း သမ္မတ Trump က အကြိမ်ကြိမ် ထိုးနှက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG