သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၂၀ အတွင်း မြန်မာက စင်္ကာပူကို ကျော်နိုင်မလား …


ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု အမည်ပေးခဲ့သည့် စင်္ကာပူရှိ သစ်ခွပန်း
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု အမည်ပေးခဲ့သည့် စင်္ကာပူရှိ သစ်ခွပန်း

လာမယ့် နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံဟာ စင်္ကာပူထက် ကျော်ပြီး တိုးတက်ရ မယ်လို့ ပြီးခဲ့တဲ့ စင်္ကာပူနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီပြောဆိုချက်ဟာ လက်တွေ့ကျပြီး ဖြစ်နိုင်ခြေရှိတယ်လို့ ဗွီအိုအေသောတရှင်တွေက ယူဆပါသလား၊ စင်္ကာပူကို နှစ် ၂၀ အတွင်း ကျော်တက်နိုင်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိပါသလဲ၊ မဖြစ်နိုင်ဘူးဆိုရင်ကော ဒေါ်အောင်ဆန်းစုကြည်က ဘာ့ကြောင့် အဲဒီလိုပြောတယ်လို့ ယူဆပါသလဲ …

ဒီအကြောင်းကို ပင်တိုင်ဆွေးနွေးသူတွေဖြစ်တဲ့ စင်္ကာပူမှာ နှစ်ပေါင်းများ စွာ နေထိုင်နေသူ ဦးတင်မောင်ဝင်း၊ ဘဏ္ဍာငွေကြေး ကဏ္ဍအကြောင်း အရာတွေကို ရေးသားနေသူ စာရေးဆရာနဲ့ ဘဏ္ဍာရေးကဏ္ဍ အကြံပေးပုဂ္ဂိုလ် ဦးကျော်မျိုးထွန်းတို့နဲ့အတူ သောတရှင်တွေ ပါဝင်ဆွေးနွေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG