သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲတွေကြား ပျော်စရာသင်္ကြန်ဖြစ်နိုင်မလား


သောတရှင်များရှင် ဧပြီလ ၁၃ ရက်နေ့ဟာဆိုရင် မြန်မာနိုင်ငံမှာ နှစ်သစ်ကူး အတာသင်္ကြန်ကာလ စတင်ပြီဖြစ်ပါတယ်။ သင်္ကြန်ရေသဘင်ပွဲတော်တွင်း ရုံးပိတ်ရက်တွေလျှော့ချတာ၊ ရေကစားမဏ္ဍပ် ဆောက်လုပ်မှုတွေ ကန့်သတ်တာတွေနဲ့ သင်္ကြန်မတိုင်ခင်ကတည်းက လူတွေကြား အတော်လေး ပြောစရာတွေ ဖြစ်နေခဲ့တဲ့ ဒီနှစ် သင်္ကြန်ကို ဘယ်လိုဖြတ်သန်းကြပါမလဲ။ နောက် လူထုအသံဖြစ်တဲ့ သင်္ကြန်သံချပ်တွေအပေါ် ဆင်ဆာနဲ့ ထိန်းချုပ်ကန့်သတ်မှုတွေရှိနေတာ နိုင်ငံရဲ့ ကြပ်တည်းတဲ့ စီးပွားရေးအခြေအနေထဲမှာ အခြေခံလူတန်းစားတွေရော သင်္ကြန်နှစ်သစ်ကူးပွဲတော်မှာ ပျော်ပျော်ရွှင်ရွှင် ဝင်ရောက် ဆင်နွဲနိုင်မယ့် အခြေအနေရှိပါသလားဆိုတာကိုမအေးသန္တာကျော်နဲ့အတူ ပင်တိုင်ဆွေးနွေးသူတွေဖြစ်ကြတဲ့ NHK သတင်းထောက်ကိုသီဟသွေး၊ လူငယ်စာရေးဆရာ မြူမှုန်လွင်၊အိုးဝေသံ သံချပ်အဖွဲ့က မင်းသွေးသစ်၊ ဗွီအိုအေရန်ကုန်အခြေစိုက် သတင်းထောက် ကိုစည်သူတို့နဲ့အတူ စနေည တိုက်ရိုက်လေလိုင်း အစီအစဉ်မှာ ဆွေးနွေးထားတာကို အသံဖိုင်မှာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG