သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားထောက်ခံ ဆန္ဒပြပွဲတူရကီဖြိုခွဲ


သတင်းထောက်တွေဖမ်းခံရမှု တူရကီအစိုးရကို ဆန္ဒပြနေကြစဉ်
သတင်းထောက်တွေဖမ်းခံရမှု တူရကီအစိုးရကို ဆန္ဒပြနေကြစဉ်

တူရကီနိုင်ငံမှာ အဖမ်းခံခဲ့ရတဲ့ သတင်းသမားတွေ တာဝန်ယူ လုပ်ကိုင်နေတဲ့ သတင်းစာတိုက်ကို ပံ့ပိုး ထောက်ခံတဲ့အနေနဲ့တနင်္ဂနွေနေ့က Istanbul မြို့တော်မှာ ရာပေါင်းများစွာ ချီတက် ဆန္ဒပြနေတာကို တူရကီရဲတွေက မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးပြီး ဖြိုခွဲခဲ့ပါတယ်။မအောင်မြင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း တူရကီအစိုးရက အခုထိ ဖမ်းဆီးမှုတွေလုပ်နေတာ ဖြစ်ပါတယ်။

တူရကီအာဏာပိုင်တွေက ဒီ အတိုက်အခံ သတင်းစာတစောင်ဖြစ်တဲ့ Cumhuriyet က သတင်းထောက်နဲ့ အမှုဆောင်အရာရှိ ၉ ဦးကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ အခုလို ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းစာတိုက်ဟာ တူရကီက ဇူလိုင်လ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ နောက်ကွယ်က ကြိုးကိုင်သူတွေကို ပံ့ပိုးမှု ပေးခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် တူရကီ အရှေ့တောင်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရဖို့ တူရကီ အစိုးရကို တိုက်ခိုက်နေတဲ့ Kurd လက်နက်ကိုင်တွေနဲ့ ဆက်နွယ်မှု ရှိတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

ဒီသတင်းစာဟာ ဇူလိုင်လ ၁၅ ရက် အာဏာသိမ်းဖို့ ကြိုးစားမှုပေါ်ပေါက်ပြီးကတည်းက ကျောင်းဆရာတွေ၊ သတင်းသမားတွေ၊ ရဲတွေနဲ့ တရားသူကြီးတွေ အပါအဝင် လူပေါင်း တသိန်းကျော်ကို ဖမ်းဆီးခဲ့တဲ့ ကြီးမားတဲ့ ချေမှုန်းမှုတွေ လုပ်ခဲ့တဲ့ တူရကီသမ္မတ Recep Tayyip Erdogan ကို အခုချိန်ထိ ဝေဖန်မှုတွေ ရေးသားနေတဲ့ အတိုက်အခံ သတင်းစာအနဲငယ် ထဲက တစောင်ဖြစ်ပါတယ်။

သောကြာနေ့မှာ တူရကီရဲတွေက နိုင်ငံတွင်း တတိယ အကြီးဆုံး ပါတီကြီးဖြစ်တဲ့ Kurd လိုလားတဲ့ ပြည်သူ့ ဒီမိုကရက်တစ်ပါတီက လွှတ်တော်အမတ် တဒါဇင်လောက်ကို ဖမ်းဆီးခဲ့တာမို့ သမ္မတ Erdogan ရဲ့ ချေမှုန်းမှုကနေ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မှာကို စိတ်ပူနေတဲ့ တူရကီရဲ့ အနောက်နိုင်ငံ မဟာမိတ်တွေကြား စိုးရိမ်မှုတွေ တိုးလာစေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG