သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယားပြသနာရှာမှု Trump ရှုံချ


Visitors sit in front of the TV screen showing a news program reporting about North Korea's missile firing, at Seoul Train Station in Seoul, South Korea, April 5, 2017.
Visitors sit in front of the TV screen showing a news program reporting about North Korea's missile firing, at Seoul Train Station in Seoul, South Korea, April 5, 2017.

Nuclear လက်နက်ထုတ်လုပ်ရေးအစီအစဉ်လုပ်နေတဲ့ မြောက်ကိုရီးယားနိုင်ငံက ပြဿနာရှာနေတာဖြစ်တယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောကြားခဲ့သလို မြောက်ကိုရီးယား Nuclear အစီအစဉ်တွေ အဆုံးသပ်ရေးကူညီဖို့ တရုတ်ကိုလည်းတိုက်တွန်းခဲ့ပါတယ်။ တကယ်လို့ တရုတ်ကကူညီမယ်ဆိုရင် သိပ်ကောင်းမှာဖြစ်တယ်။ မကူညီရင်လည်း ပြဿနာကို တရုတ်မပါဘဲအမေရိကန်က ဖြေရှင်းရမယ်လို့ သမ္မတ Trump က Twitter ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အမေရိကန်က ဘယ်လိုလုပ်မှာလည်းဆိုတာကိုတော့ သူက အကျယ်တဝင့်ပြောပြခြင်းမရှိပါဘူး။ မြောက်ကိုရီးယားပြဿနာကို တရုတ်ကဖြေရှင်းပေးနိုင်မယ်ဆိုရင် အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးသဘောတူမှုတွေ ပိုပြီးအဆင်ချောလိမ့်မယ်လို့ ပြီးခဲ့တဲ့တပါတ်က တရုတ်သမ္မတ Xi Jinping နဲ့တေ့ွဆုံဆွေးနွေးစဉ်ပြောခဲ့တယ်လို့ သမ္မတ Trump ကပြောပါတယ်။ တရုတ်အစိုးရဟာ မြောက်ကိုရီးယားအတွက် အရေးအကြီးဆုံး မဟာမိတ်နိုင်ငံ၊ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ရုံမက၊ အစားအသောက်၊ လက်နက်နဲ့ စွမ်းအင်တို့ အဓိကရရှိနေတဲ့ နိုင်ငံဖြစ်တယ်လို့ Council on Foreign Relations အဖွဲ့ကပြောပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်ပြီး Missile ဒုံးလက်နက်တွေကို အကြိမ်ကြိမ်စမ်းသပ်ခဲ့တဲ့အပြင် Nuclear စမ်းသပ်မှု ၅ ကြိမ်လုပ်ခဲ့တာကြောင့် တရုတ်ကလည်း မြောက်ကိုရီးယားအပေါ် သိပ်စိတ်ရှည်ပုံမရတော့ပါဘူး။

မြောက်ကိုရီးယား Nuclear စမ်းသပ်ပြစ်လွှတ်မှုတွေလုပ်မယ်ဆိုရင် အရေးယူမယ်ဆိုတာ ပြသတဲ့သဘောနဲ့ အမေရိကန်ရေတပ်တိုက်ခိုက်ရေး အုပ်စုတစုကို မြောက်ကိုရီးယားနိုင်ငံနားဖြစ်တဲ့ Pacific သမုဒ္ဒရာမြောက်ပိုင်းကို Trump ကပြီးခဲ့တဲ့ ရုံးပိတ်ရက်မှာ စေလွှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG