သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒက္ကာ ကဖေးဆိုင် တိုက်ခိုက်မှုနဲ့ ဆက်နွယ်သူ ၂ ဦး ရဲလက်ချက်နဲ့ သေဆုံး


ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားစဉ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲတပ်ဖွဲ့က ဒက္ကာမြို့တော်မှာရှိတဲ့ အစ္စလာမ်မစ် အစွန်းရောက်သမားတွေ ပုန်းခိုနေတဲ့နေရာကို စနေနေ့က ဝင်ရောက် စီးနင်းခဲ့ရာမှာ ပြီးခဲ့တဲ့ဇူလိုင်လ အတွင်း ကဖေးဆိုင်တဆိုင်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ နောက်ကွယ်ကနေ ပါဝင်ခဲ့သူ စစ်သွေးကြွ ၂ ဦး သေဆုံး သွားပါတယ်။

ဒက္ကာမြို့တော်က ကဖေးဆိုင်သိမ်းပိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်မှာ လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရတာပါ။ သတင်းအရ ဝင်ရောက်စီးနင်းတဲ့ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စစ်သွေးကြွတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ၁၂ နာရီကျော် ကြာ ဖြစ်ပွားခဲ့ပြီးနောက် ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ အဆုံးသပ်သွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ကလေးငယ်တယောက်ကို ချီထားတဲ့ စစ်သွေးကြွတွေထဲက အမျိုးသမီး တယောက်ဟာ သူမရဲ့ကိုယ်ခန္ဓာမှာ ဝတ်ဆင်ထားတဲ့ ဖေါက်ခွဲရေး ဝတ်စုံကို ဖေါက်ခွဲလိုက်တာကြောင့် ကလေးတဦး ဒဏ်ရာရရှိသွားပါတယ်။

အသေခံဖေါက်ခွဲရေးဝတ်စုံ ပေါက်ကွဲမှုကြောင့် ဖေါက်ခွဲသူ အမျိုးသမီးအပါဝင် အစွန်းရောက် ၂ဦး သေဆုံးသွားကြောင်း ဒက္ကာမြို့တော် ရဲတပ်ဖွဲရဲ့ ပြောခွင့်ရသူ Masudur Rahman က AFP သတင်းဌာနကို ပြောပါတယ်။

သေဆုံးသွားသူတွေဟာ ဇူလိုင်လ ၁ ရက်နေ့က နိုင်ငံခြားသား အများစုပါဝင်တဲ့ လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရတဲ့ ကဖေးဆိုင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ Jamayetul Mujahideen Bangladesh အစွန်းရောက် အုပ်စုရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG