သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်းဦးသိန်းစိန် အာရှလူမျိုးစုံ ဆု (Asia Cosmopolitan Awards) ရရှိ


သမ္မတဟောင်းဦးသိန်းစိန် ( နိုဝင်ဘာ ၁၅၊ ၂၀၁၅)
သမ္မတဟောင်းဦးသိန်းစိန် ( နိုဝင်ဘာ ၁၅၊ ၂၀၁၅)

မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း အကောင်းဆုံး ဦးဆောင်ပြီး လုပ်ဆောင်နိုင်ခဲ့တာကြောင့် ၂၀၁၆ ခုနှစ်အတွက် Asia Cosmopolitan Awards မဟာဆုကို ရရှိခဲ့တယ်။

Asia Cosmopolitan Awards ဆုရွေးချယ်ရေးအဖွဲ့ရဲ့ ကြေညာချက်အရ ဆုပေးပွဲအခမ်းအနားကိုတော့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် ဂျပန်နိုင်ငံ Nara ခရိုင်အတွင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

Asia Cosmopolitan Awards
Asia Cosmopolitan Awards

စီးပွားရေးနဲ့ လူမှုရေးသိပ္ပံဆုကိုတော့ စီးပွားရေးပထဝီနယ်ပယ်မှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပါမောက္ခ Masahisa Fujita က ရရှိခဲ့ပါတယ်။ ယဉ်ကျေးမှုဆုကိုတော့ ဥရောပကောင်စီ အချိန်ပြည့်ဥက္ကဌ ဖြစ်တဲ့ မစ္စတာ Herman Van Rompuy ကရရှိခဲ့ပါတယ်။

သမ္မတဟောင်းဦးသိန်းစိန် အာရှလူမျိုးစုံ ဆု (Asia Cosmopolitan Awards) ရရှိ
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG