သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဦးတင်ဦး အရေးပေါ်ဆေးကုသမှုခံယူ


NLD ဦးတင်ဦး အရေးပေါ်ဆေးကုသမှုခံယူ(Photo Credit: မိသားစုဝင် ဦးသန့်ဇင်ဦး)
NLD ဦးတင်ဦး အရေးပေါ်ဆေးကုသမှုခံယူ(Photo Credit: မိသားစုဝင် ဦးသန့်ဇင်ဦး)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရပြီး အထူး ကြပ်မတ်ကုသပေးနေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

သူရဦးတင်ဦး အမြန်ဆုံး ပြန်ပြီး ကျန်းမာလာစေဖို့ရည်ရွယ်ပြီး ဒီကနေ့ နေ့လည်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်မှာ ဆုတောင်းပွဲလုပ်ပြီးတဲ့နောက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဲဒီလိုပြောတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိကမဏ္ဍိုင် ကြီးတခု ပြိုလဲမလိုဖြစ်နေတဲ့အတွက် အားလုံးစုပေါင်းပြီး ဆုတောင်းမေတ္တာပို့သကြတာ ဖြစ်ပါတယ်လို့လဲ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

အဲဒီဆုတောင်းပွဲကို ဝန်ကြီးချုပ်ဦးဆောင်ပြီးတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ NLD ပါတီဝင်တွေနဲ့ ထောက်ခံသူ တွေ၊ သူရဦးတင်ဦးကို လေးစားချစ်ခင်သူတွေ စသည်အားဖြင့် လူ ၅၀ ကျော်လောက် တက်ရောက်ပါတယ်။ အလားတူ ဆုတောင်းပွဲတွေကို ချောက်၊ မန္တလေး၊ မုံရွာ၊ လားရှိုး အစရှိတဲ့ တခြားမြို့တွေမှာလဲ လုပ်ကြပါတယ်။

သူရဦးတင်ဦးဟာ ဗုဒ္ဓဟူးနေ့ညပိုင်းက နေအိမ် ရေချိုးခန်းမှာ ချော်လဲပြီးတော့ သတိလစ်သွားတဲ့အတွက် ဆေးရုံပို့ပြီး ကုသမှု ခံယူ နေရတာပါ။ အသက် ၉၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ သူရဦးတင်ဦးဟာ အသက်အရွယ်ကြောင့်ရော၊ နဂိုက နှလုံးရောဂါအခံရှိတဲ့ အတွက်ကြောင့်ရော ပြန်ပြီး နာလန်ထူနိုင်ဖို့အတွက် ကြိုးစားပြီးတော့ ဂရုစိုက် ကုသပေးနေပါတယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးအေးကိုကိုက အစောပိုင်းမှာ သတင်းထောက်တွေကို ပြောထားပါသေးတယ်။

သူရဦးတင်ဦးဟာ NLD ပါတီကို စပြီး ထူထောင်ချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီးတော့ ပါဝင် ဦးဆောင် လာသူဖြစ်ပြီး မြန်မာ့တပ်မတော်မှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းခဲ့ဖူးတာကြောင့်ရော၊ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အခု အသက်အရွယ်ကြီးရင့်ချိန်ထိ မနားတမ်း အားထုတ်ကြိုးပမ်းလုပ်ဆောင်နေ တာကြောင့်ပါ အများရဲ့ အထူး လေးစားမှုကို ခံယူရရှိထားသူတဦးဖြစ်ပါတယ်။

NLD ဦးတင်ဦး အရေးပေါ်ဆေးကုသမှုခံယူ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG