သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UBER အငှားယာဉ် ဝန်ဆောင်မှု မြန်မာနိုင်ငံမှာ စတင်


UBER အငှားယာဉ် ဝန်ဆောင်မှု မြန်မာနိုင်ငံမှာ စတင်
UBER အငှားယာဉ် ဝန်ဆောင်မှု မြန်မာနိုင်ငံမှာ စတင်

အမေရိကန် ဝန်ဆောင်မှု လုပ်ငန်းကြီး ဖြစ်တဲ့ Uber က ဒီကနေ့ မြန်မာနိုင်ငံမှာ အငှားကား ဝန်ဆောင်မှု စနစ်ကို တရားဝင် စတင်မိတ်ဆက်လိုက်ပါတယ်။ ပုဂ္ဂလိက ကားတွေကို အငှားယဉ် တက္ကစီ အဖြစ် အသုံးပြုနိုင်ရေး အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှု ရဖို့လည်း Uber က မျှော်လင့်နေတာပါ။

ပြည်တွင်းမှာ ရှိနေပြီးသား တက္ကစီတွေနဲ့ ဘယ်လို ယှဉ်ပြိုင် ထိုးဖောက်မလဲ၊ နောက် ဝင်ငွေနည်းကြတဲ့ မြန်မာ လူထုကြား Uber တက္ကစီ အငှားကရော တွင်တွင်ကျယ်ကျယ် ရှိလာနိုင်ပါသလားဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရန်ကုန်မြို့တော်မှာ အငှားယာဉ် စနစ် Uber ဝန်ဆောင်မှုကို ဒီကနေ့ ကြာသပတေးနေ့မှာ တရားဝင် စတင်မိတ်ဆက်လိုက်ပါတယ်။ Uber အငှားကား ဝန်ဆောင်မှုက ကမ္ဘာပေါ်မှာ လူသုံး အများဆုံး သယ်ယူပို့ဆောင်ရေး စနစ်တခု ဖြစ်ပါတယ်။ စီးပွားဖြစ် သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှာ ပုဂ္ဂလိကပိုင် ကားတွေကို အလွယ်တကူ အသုံးပြုနိုင်ရေး မြန်မာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း နည်းလမ်းရှာနေတာပါ။ Uber ရဲ့ အာရှပစိဖိတ် ဒေသတွင်း စီမံခန့်ခွဲသူ Mike Brown က အခုလို ပြောပါတယ်။

“ Uber ရဲ့ ရည်မှန်းချက်က ယုံကြည်စိတ်ချရတဲ့ ဘယ်သူ့အတွက်၊ ဘယ်နေရာမဆို ယုံကြည်စိတ်ချရတဲ့ ပို့ဆောင်ဆက်သွယ်ရေးစနစ် ရှိလာဖို့ပါ၊ အခု မြန်မာနိုင်ငံ ရန်ကုန်မြို့အပါအဝင် ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ Uber တက္ကစီတွေ ပြေးဆွဲနေပြီဆိုတာကို ကျနော့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကြေညာချင်ပါတယ်။ ”

UBER အငှားယာဉ် ဝန်ဆောင်မှု မြန်မာနိုင်ငံမှာ စတင်
UBER အငှားယာဉ် ဝန်ဆောင်မှု မြန်မာနိုင်ငံမှာ စတင်

အမေရိကန် ဝန်ဆောင်မှု လုပ်ငန်းတခုဖြစ်တဲ့ Uber ဝန်ဆောင်မှု စတင်မိတ်ဆက်တဲ့ အခမ်းအနားကိုတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းလည်း တက်ရောက်ခဲ့သလို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel လည်း တက်ရောက်ခဲ့ပါတယ်။

“ ကျနော်တို့ကတော့ Uber တက္ကဆီ ပြေးဆွဲတဲ့ စနစ် ဒီကို ရောက်လာမှာကို သိပ်ကို ဝမ်းသာပါတယ်။ ဝန်ကြီးချုပ်ပြောသလိုပါပဲ၊ ပိုပြီးကောင်းမွန်တဲ့ ပို့ဆောင်ရေး စနစ် ပေါ်လာမယ့် အခွင့်အလမ်းပါ။ ရန်ကုန်မြို့ခံတွေ သွားလာရေးအတွက်ပိုကောင်းသလို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာတာကိုလည်း ထင်ဟတ်နေပါတယ်။ ”

အခုလို တယ်လီဖုန်းကနေ ကားငှားရတဲ့ ဝန်ဆောင်မှုကို ကြိုက်သူတွေ ရှိသလိုဘဲ လမ်းပေါ်ထွက်ပြီး တက္ကစီ ငှားရတာကပိုပြီး လွယ်ကူ အဆင်ချောမယ်လို့ ယူဆသူတွေလည်း ရှိနေဆဲပါ။ တက္ကစီအငှားစီးသူ တဦးရဲ့ အဆိုကတော့

“ ဘာကြောင့်လဲ ဆိုတော့ အခု အဲဒီ ခေါ်တဲ့ အပိုင်းတွေကတော့ လက်ရှိ ဖြတ်ခနဲ ပေါ်လာတဲ့ တက္ကစီ ပေါ်ကို တားသလောက်တော့ မြန်မယ်လို့ မထင်သေးတာလည်း ပါတာပေါ့နော်။ အဲဒီ အတွက်လည်း မ Try ခဲ့ သေးတာပါ။ ”

တချို့ တက္ကစီ ယာဉ်မောင်းတွေကတော့ ကားငှားမယ့်သူက အင်္ဂလိပ်လိုဘဲ လှမ်းပြီး ခေါ်ယူတာကြောင့် ဘာသာစကား အခက်အခဲတော့ ရှိပြန်တယ်လို့ ဆိုပါတယ်။

“ခေါ်လိုက်တဲ့ Massage တွေက အကုန်လုံးက အင်္ဂလိပ်လိုချည်းဘဲ။ အဲတော့ တော်တော်များများက အင်္ဂလိပ်စာကို သိပ် မကျွမ်းကျင်ကြဘူး။ အဲလိုတွေ ဖြစ်နေကြတယ်။ အဲဒါကြောင့်မို့လို့ လောလောဆယ် အဆင်မပြေနိုင်သေးဘူး ဦးလေးပြောတာ။ အဲဒါတွေကို လေ့လာရဦးမယ် ယာဉ်မောင်းတွေဘက်က။ ယာဉ်မောင်း တော်တော်များများက အင်္ဂလိပ်စာ မတတ်တာ တော်တော်များတယ်။ ”

မြန်မာနိုင်ငံမှာ တက္ကဆီ ငှားမယ်ဆိုရင်တော့ ဈေးနှုန်းက တသမတ်တည်း ရှိတာ မဟုတ်ပါဘူး။ ယာဉ်မောင်သူနဲ့ ခရီးသည်ကြား အပြန်အလှန် ဈေးညှိကြရတာ ဖြစ်သလို သွားမယ့် အကွာအဝေးကို တိုင်းတဲ့ မီတာ စနစ်လည်း မရှိ၊ အဲကွန်းစနစ်ကလည်း ရှိဖို့ မရှိဖို့က မသေချာပါဘူး။ အခု Uber လို အငှားကား ဝန်ဆောင်မှုကျတော့ တယ်လီဖုန်း အသုံးပြုပြီး ငှားရ ခေါ်ရတဲ့ နည်းစနစ်သစ်ဆိုတော့ လူထုအကြိုက်တွေ့မယ်လို့လည်း ယူဆရပါတယ်။ Uber အနေနဲ့တော့ ပြည်တွင်းမှာ စတင်နေပြီ ဖြစ်တဲ့ အိုးဝေနဲ့ Hello Cabs အငှားကား ဝန်ဆောင်မှုတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာက အများစုက ဝင်ငွေနည်းသူတွေ ဖြစ်တာကြောင့် ဈေးနှုန်း ယှဉ်ပြိုင်ရမှုက အဓိက ကျလာမှာပါ။ ရန်ကုန်မှာ Uber ဝန်ဆောင်မှုနဲ့ ကားငှားစီးမယ်ဆိုရင်တော့ အခြေခံ အောက်ထစ် ကားငှားခက ၁၅၀၀ ကျပ်လောက် ကျသင့်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG