သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီစတာအားလပ်ရက် ယူကရိန်းစစ်ဆင်ရေး ရပ်နား


ယူကရိန်းခရစ်ယာန်ဘုန်းတော်ကြီးက ခရစ်ယာန်ဘာသာဝင်တွေကို ရေဖြန်းမင်္ဂလာပြုပေးစဉ်။
ယူကရိန်းခရစ်ယာန်ဘုန်းတော်ကြီးက ခရစ်ယာန်ဘာသာဝင်တွေကို ရေဖြန်းမင်္ဂလာပြုပေးစဉ်။
ယူကရိန်းနိုင်ငံမှာ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်ထားတဲ့ ရုရှားလိုလားသူတွေကို ဖယ်ရှားရေး လုပ်နေတဲ့စစ်ဆင်ရေးကို ရပ်ထားမယ်လို့ ယူကရိန်းအစိုးရက ကြေညာလိုက်ပါတယ်။

အစိုးရရဲ့ ဆောင်ရွက်မှုတွေကို အီစတာအားလပ်ရက်အတွက် ရပ်နားထားမယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီး Andrii Deshchytsia က ပြောတာပါ။

အခုလို ရပ်နားလိုက်တာကြောင့် ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး OSCE အဖွဲ့အနေနဲ့ စောင့်ကြည့်လေ့လာရေး အစီအစဉ်အတွက် ပြင်ဆင်ဖို့ အချိန်ပိုရမယ်လို့လည်း စနေနေ့မှာ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံမှာ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်တွေကို စုဆောင်းဖို့အတွက် အထူးလုပ်ငန်းတခုကို OSCE အဖွဲ့က မတ်လမှာ စတင်ခဲ့တာပါ။ စေ့စပ်ဆွေးနွေးမှုတွေကို ညှိနှိုင်းဆောင်ရွက်ပေးဖို့အတွက်လည်း OSCE အဖွဲ့က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
XS
SM
MD
LG