သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးပဋိပက္ခများ ကလေးငယ်တွေမထိခိုက်စေဖို့ UNICEF တိုက်တွန်း


ပဋိပက္ခကြောင့် ကချင်စစ်ဘေးဒုက္ခသည် ကလေးငယ်များ
ပဋိပက္ခကြောင့် ကချင်စစ်ဘေးဒုက္ခသည် ကလေးငယ်များ

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုး မြို့နယ် ပူဝမ်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရမှု အတွင်း အသက် ၂ နှစ် အရွယ် ကလေးငယ် တဦး သေဆုံးပြီး တခြား ကလေး ၂ ဦးတို့ ဒဏ်ရာရရှိခဲ့တဲ့ အပေါ် ဝမ်းနည်း ကြေကွဲရပြီး အထူးဘဲ စိုးရိမ်မကင်း ဖြစ်ရပါကြောင့် ကုလ သမဂ္ဂ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF ရဲ့ မြန်မာ ဌာနေရုံးကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။

ပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင်းက ကလေးငယ် အများအပြား သေဆုံးရတယ်ဆိုတာကိုလည်း UNICEF မြန်မာ ဌာနေ ကိုယ်စားလှယ်က အခိုင်အမာ ပြောဆိုပြီး ပဋိပက္ခမှာ ပါဝင် ပတ်သက်သူ အားလုံး အနေနဲ့ ကလေးငယ်တွေကို ထိခိုက်နာကျင်မှု မရှိအောင် ထိန်းသိမ်းကြဖို့လည်း တိုက်တွန်းပါတယ်။ ပဋိပက္ခမှာ တာဝန်ရှိကြတဲ့ အဖွဲ့အစည်းတွေ အားလုံး အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာကြဖို့လည်း ကုလ အဖွဲ့ကြီးက တောင်းဆိုပါတယ်။ ကျောင်းတွေ ဆေးရုံတွေကို တိုက်ခိုက်သိမ်းပိုက်တာ မလုပ်ဖို့၊ ကလေးငယ်တွေ တိုက်ခိုက်ခံရမှုကနေ အသေအချာ ကင်းလွတ်ပြီး လက်နက်ကိုင် တပ်ဖွဲ့တွေမှာ စုဆောင်းအသုံးချနေတာတွေကို အဆုံးသတ်ဖို့တွေလည်း ပါဝင်တယ်လို့လည်း ကုလ အဖွဲ့ကြီးက ပြောဆိုပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ကချင်ပြည်နယ်ထဲမှာလည်း တင်းမာမှုတွေ တိုးလာတဲ့ အပေါ်မှာလည်း အထူးစိုးရိမ်တယ်လို့လည်း ကုလ အဖွဲ့ကြီးက ပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာလည်း ပဋိပက္ခဒေသတွေက ကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ သူတို့ အနာဂတ် အတွက် ထည့်သွင်းစဉ်းစားပေးရမယ်လို့လည်း ပြောဆိုပြီး သူတို့ကို အခုချက်ချင်း အကာအကွယ် ပေးဖို့ လိုအပ်တယ်လို့လည်း ကုလ အဖွဲ့ကြီးက ပြောဆိုထားပါတယ်။ မြန်မာ့ တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေမှာ ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေ အဆုံးသတ်ဖို့လည်း ကုလသမဂ္ဂက အစဉ်တစိုက် တိုက်တွန်းနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG