သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအပေါ် ကုလဆုံးဖြတ်ချက် ရုရှ ဗီတိုသုံးပါယ်ချ


U.S. Ambassador to the U.N. Nikki Haley votes for a draft resolution condemning the reported use of chemical weapons in Syria at the Security Council meeting on the situation in Syria at the United Nations Headquarters in New York, April 12, 2017.
U.S. Ambassador to the U.N. Nikki Haley votes for a draft resolution condemning the reported use of chemical weapons in Syria at the Security Council meeting on the situation in Syria at the United Nations Headquarters in New York, April 12, 2017.

ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာ ဆီးရီးယားက လူအများအပြား သေဆုံးစေတဲ့ ဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့တာ အတွက် ဆီးရီးယားအာဏာရှင် Bashar al-Assad ကို နိုင်ငံတကာက ရှုံ့ချမယ့်အရေးကို အကာကွယ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်ချက်ကို ရုရှားက ဗီတိုအာဏာသုံး ပယ်ချခဲ့ပါတယ်။

အခုလို ဗီတိုအာဏာသုံး ပယ်ချတာဟာ ရုရှားအနေနဲ့ တာဝန်ခံမှု မရှိတာဖြစ်သလို ကုလသမဂ္ဂရဲ့ သီးခြားလွတ်လပ်တဲ့စုံစမ်း စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ဖို့ပါ ဆန့်ကျင်တာ ဖြစ်ပြီး၊ ဆီးရီးယားမှာ ငြိမ်းချမ်းရေးရအောင် အထောက်အကူ တိုးမြှင့်ပေးမယ့် ဆုံးဖြတ်ချက် အတွက်ပါ ငြင်းဆန်တာ ဖြစ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က လုံခြုံရေးကောင်စီကို ပြောပါတယ်။ ဒါ့အပြင် ဒါဟာ ရုရှားဟာ ဆီးရီးယားသမ္မတ Bashar al-Assad ဘက်ကနေ ရပ်တည်ဖို့ နောက်တကြိမ် ထပ်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၀ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ ကြားနေမဲက ၃ မဲရှိပါတယ်။ ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန် ပြည်ထောင်စုတို့က ရေးဆွဲခဲ့တဲ့ အရေးယူမှုကို ရုရှားက ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်က ရှားရှားပါးပါး ရုရှားဘက်က မရပ်တည်ပဲ ကြားနေမဲ ပေးခဲ့တာပါ။ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ Bolivia က ကန့်ကွက်မဲထည့်ခဲ့သလို Ethiopia နဲ့ Kazakhstan တို့ကတော့ တရုတ်နည်းတူ ကြားနေမဲပေးခဲ့တာပါ။

အခု ဆုံးဖြတ်ချက် မူကြမ်းမှာ ဓါတ်ငွေ့သုံး တိုက်ခိုက်မှုကို အပစ်တင် ရှုံ့ချထားသလို ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာကို သိရဖို့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးဝင်ဖို့ တောင်းဆိုထားပါတယ်။ အစောပိုင်းတုန်းက အလားတူ မူကြမ်းတင်ဖို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ မဲခွဲဆုံးဖြတ်ရာမှာတော့ မအောင်မြင်ခဲ့ပါဘူး။

တကယ်လို့ ရုရှားက ပြောသလို ဆီးရီးယားအာဏာရှင်ဘက်က အပစ်မရှိဘူးဆိုရင် ဒီဆုံးဖြတ်ချက်ထဲက ပန်ကြားချက်ကြောင့် ရလာမယ့် အချက်လက်တွေကနေ သူ့မှာ အပစ်မရှိတာကို တွေ့နိုင်မှာ ဖြစ်သလို တကယ်လို့ သူ့မှာ အပစ်ရှိနေရင်တော့ ရုရှားပါ ဝိုင်းအကျဉ် ခံရနိုင်တယ်လို့ လည်း သံအမတ်ကြီး Haley ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အာဏာရှင် Assad ကို အမေရိကန်ပြည်ထောင်စုက အနီးကပ် စောင့်ကြည့် နေတယ် လို့လည်း သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG