သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောရိုင်းတိရစ္ဆာန်နဲ့ သစ်ခိုးထုတ်မှု တိုက်ဖျက်ရေး တိုးလုပ်ဖို့ UNODC တိုက်တွန်း


အရှေ့တောင်အာရှဒေသမှာ တောရိုင်းတိရစ္ဆာန်နဲ့သစ်ခိုးထုတ်မှုတွေတိုက်ဖျက်ဖို့ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးအတွက် ပိုမို ခိုင်မာအောင် လုပ်ဖို့လိုနေတယ်လို့ ကုလသမဂ္ဂ မူးယစ် ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးအဖွဲ့ UNODC က ပြောပါတယ်။

ထိုင်းနိုင်ငံအနောက်ပိုင်းက ဘုန်းကြီးကျောင်းတကျောင်းကို ဝင်ရောက်စီးနင်း ရှာဖွေ ရာမှာ ကျားခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့ခဲ့ရပြီးနောက် ပိုင်း ထိုင်းအစိုးရက စုံစမ်းစစ်ဆေးမှုတွေ တိုးလုပ်လာချိန်မှာ အခုလို ကုလသမဂ္ဂက ပန်ကြားလိုက်တာပါ။

ထိုင်းနိုင်ငံဟာ သူ့နိုင်ငံက အင်ဒိုချိုင်းနားကျားမျိုးတွေကို တရားမဝင် သတ်ဖြတ် ခိုးထုတ်တာကအစ ရပ်ဝေး ဒေသဖြစ်တဲ့ အာဖရိက-က ကျားတွေအထိ တောရိုင်း တိရစ္ဆာန်တွေ မှောင်ခိုရောင်းဝယ်မှုအတွက် အချိန်အတော်ကြာ ကတည်းက အဓိကကြားခံနိုင်ငံတနိုင်ငံအဖြစ် ရှိနေတာပါ။

ကျားမျိုးစိတ်တွေကို စီးပွားဖြစ်မမွေးမြူဖို့ CITES လို့ခေါ်တဲ့ နိုင်ငံတကာ သဘာဝတော ရိုင်း တိရစ္ဆာန်တွေနဲ့ အပင်မျိုးစိတ်တွေ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ သဘောတူညီ ချက်ကို ထိုင်းနိုင်ငံက ၂၀၀၇ ခုနှစ်ကတည်းက လက်မှတ်ရေး ထိုးခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ၂၀၀၇ ခုနှစ်က သဘာဝတောရိုင်းထဲမှာ ကျက်စားတာ မဟုတ်တဲ့ ကျားကောင်ရေ ၆၆၀ ပဲရှိရာကနေ ၂၀၁၆ မှာတော့ ၁,၅၀၀ အထိ တိုးလာခဲ့တာပါ။

ထိုင်းနိုင်ငံနဲ့ အတူ လာအို၊ ဗီယက်နမ်နဲ့ တရုတ်တို့ကလည်း သူတို့ရဲ့ CITES သဘောတူညီချက်အရ သတ်မှတ်ထားတာကို မလိုက်နာဘူးလို့ WFF သဘာဝတော ရိုင်း စောင့်ရှောက်ရေး အဖွဲ့ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG