သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ ရာထူးကနှုတ်ထွက်ဖို့ တောင်းဆိုခံရ


တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး
တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး

တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေးဟာ သူ့နဲ့ရင်းနှီးသူတဦးကိုအရေးကြီးတဲ့ အစိုးရပွဲတွေမှာ ပါဝင်ပတ်သက်ခွင့်ပေးခဲ့တယ်ဆိုပြီး စွပ်စွဲခံနေရပါတယ်။ အစိုးရ ဝန်ထမ်းတဦးမဟုတ်တဲ့ မစ္စ Choi Soon-sil ကို မစ္စ ပတ်ဂွမ်ဟေးက သူပြောမယ့် မိန့်ခွန်းတွေကို အရင်ဆုံး တည်းဖြတ်ခွင့်ပြု ခဲ့တယ်ဆိုပြီး သတင်း ထွက်ပေါ်လာပြီး တဲ့နောက် သမ္မတ ရာထူးကနုတ် ထွက်ပေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာ တာဖြစ် ပါတယ်။ ဒီအချိန်မှာပဲ သူ့အပေါ် လူထုရဲ့ ထောက်ခံမှုက ကျဆင်းသွား ပါတယ်။

ဂျပန်-မြောက်ကိုးရီးယား အရေးအပါအဝင် လျှို့ဝှက်မှတ်တမ်းတွေ ကိုလည်း မစ္စ Choi လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။သမ္မတ သက်တမ်း တနှစ်ကျော်သာ ကျန်တော့တဲ့ မစ္စ Park က ဒီကိစ္စနဲ့ ပတ်သက်ပြီး တောင်းပန် စကားပြောခဲ့သလို တာဝန်ကိုတော့ ဆက်လက် ထမ်းဆောင်သွားမယ်လို့ ကတိပြုပြော ဆိုပါတယ်။

သမ္မတ ပတ်ဂွန်ဟေးအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတဲ့ အချက်ကို အသုံးချပြီး မစ္စ Choi ကသူ့ရဲ့ လူမှုကူညီရေးအဖွဲ့ ၂ဖွဲ့ကို အလှုငွေတွေထည့်ဝင်ကြဖို့ ကုမ္ပဏီတွေကို စည်းရုံးခဲ့တယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြကြပါတယ်။ နောက်ပြီး မစ္စ Choi က အဲဒီလူမှုကူညီရေးအဖွဲ့တွေကို သူ့ကိုယ်ကျိုးစီးပွါးအတွက် အသုံးချခဲ့တယ် လို့လည်း သတင်းတွေကဆိုပါတယ်။

သမ္မတပတ်ဂွမ်ဟေး အပေါ်လွမ်းမိုးထားနိူင်တယ်ဆိုတဲ့ သတင်းတွေ စက်တင်ဘာ လမှာ ပထမဆုံးထွက်ပေါ်လာကတည်းက Choi ဟာ ဂျာမဏီနိုင်ငံမှာ နေထိုင်နေ တာဖြစ်ပြီး စုံစမ်းစစ်ဆေးခံဖို့ တောင်ကိုးရီးယားကို ပြန်လာဖို့ဆန္ဒရှိနေတယ်လို့သူ့ရဲ့ရှေ့နေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG