သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် လေကြောင်းထိုးစစ်ကြောင့် အာဖဂန်ရဲတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး


အမေရိကန်လေကြောင်း
အမေရိကန်လေကြောင်း

အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်းက မတည်မငြိမ်ဖြစ်နေတဲ့ Uruzgan ခရိုင်မှာ အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၈ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့အကြောင်း အာဖဂန်အစိုးရအရာရှိတွေက ဒီကနေ့ ပြောပါတယ်။

တနင်္ဂနွေနေ့ ညနေပိုင်းက ဒီပြည်နယ်ရဲ့ မြို့တော် Tarin Kot မြို့ အပြင်ဘက်က အဓိက အဝေးပြေးလမ်းမကြီး တခုပေါ်မှာရှိတဲ့ လုံခြုံရေးဂိတ်တခုမှာ ရဲတပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေ တဲ့အချိန် တိုက်ခိုက်ခံရတာဖြစ်တဲ့အကြောင်း အဝေးပြေးလမ်းလုံခြုံရေးဆိုင်ရာ ရဲတပ်ဖွဲ့ တပ်မှူး Samunwal Rahimullah Khan က ဗွီအိုအေကို ပြောပါတယ်။ အခု တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မစ္စတာ Khan က ရှုတ်ချသလို၊ အခုတိုက်ခိုက်တဲ့နေရာ အနီးအနားမှာ အလံဖြူ လွှင့်ထားတဲ့ တာလီဘန် အခြေစိုက်စခန်းတွေ ရှိပေမဲ့ အမေရိကန်က အာဖဂန်ရဲတပ်ဖွဲ့ဝင်တွေကို ဘာကြောင့် ပစ်မှတ်ထား တိုက်ခိုက်တယ် ဆိုတာ နားမလည်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက် တနင်္ဂနွေနေ့က ဒီတိုက်ခိုက်မှု လုပ်ခဲ့တယ်ဆိုတာကို အမေရိကန်စစ်ဘက် ပြောခွင့်ရတဦးကလည်း အတည်ပြုထားပြီး အာဖဂန် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်ခတ် တိုက်ခိုက် နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ Tarin Kot မြို့ဟာ အခုနောက်ပိုင်း တာလီဘန်အဖွဲ့ရဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အာဖဂန်ရဲ့ ခရိုင်မြို့တော် အတော်များများထဲမှာ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG