သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်နှစ်ရပ်လုံး Republican တို့ လွှမ်းမိုးဖွယ်ရှိ


အမေရိကန်လွှတ်တော်
အမေရိကန်လွှတ်တော်

ပြီးခဲ့တဲ့ တပတ်ကျော်က သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်မှုတွေမှာ ဟီလာရီ ကလင်တန် မဲ အသာစီး ရနေတဲ့အတွက် အထက်လွှတ်တော်ကို ဒီမိုကရက်တွေကပဲ ထိန်းချုပ်ထားနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ အောက်လွှတ်တော်အတွင်းမှာ တောင်မှာ ဒီမိုကရက်တွေအနိုင်ရနိုင်မယ့် အလားအလာတွေ တွေ့ခဲ့ရတာပါ။

ဒါပေမယ့်လည်း အင်္ဂါနေ့ညနဲ့ ဗုဒ္ဓဟူးနေ့မနက် ရွေးကောက်ပွဲရလဒ်တွေ ထွက်ပေါ်လာတဲ့အချိန်မှာတော့ ကလင်တန် အကြီးအကျယ်အရေးနိမ့်နေ သလိုပဲ ကွန်ဂရက် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးမှာပါ Republican အများစု ထိန်းချုပ်ထားနိုင်မှာကို ရှင်းရှင်းလင်းလင်း တွေ့လာရပါတယ်။

အထက်လွှတ်တော်အမတ်နေရာ ၁၀၀ ထဲက ၃၄ နေရာနဲ့ အောက်လွှတ်တော် အမတ်နေရာ ၄၃၅ နေရာ အားလုံးအတွက် အင်္ဂါနေ့မှာ ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။ အခု ရွေးကောက်ပွဲ ရလဒ်တွေအရ Republican က အထက်လွှတ်တော် အမတ်နေရာ ၅၁ နေရာနဲ့ ဒီမိုကရက်ဘက်က ၄၇ နေရာ ရရှိထားပြီး ဆုံးဖြတ်ချက်မထွက်သေးတဲ့ အမတ်နေရာ ၂ နေရာ ကျန်နေသေးတယ်။ ကွန်ဂရက်လွှတ်တော် ပြန်လည်စတင်မယ့် ဇန်နဝါရီလ အထိဆိုရင် Republican တွေက အမတ်နေရာ ၅၃ နေရာအထိ တိုးလာနိုင်ဖွယ်ရှိပါတယ်။

New Hampshire ပြည်နယ်အတွင်းမှာ မဲအရေအတွက် ၉၃ ရာခိုင်နှုန်း ရေတွက် ပြီးချိန်မှာတော့ လက်ရှိ Republican လွှတ်တော်အမတ် Kelly Ayotte က ပြိုင်ဘက် ဒီမိုကရက်လွှတ်တော်အမတ် Maggie Hassan က အနည်းငယ် ဦးဆောင်နေ ပါတယ်။ Louisiana ပြည်နယ်မှာတော့ Republican လွှတ်တော်အမတ် John Kennedy နဲ့ ဒီမိုကရက်လွှတ်တော်အမတ် Foster Campell တို့ဟာ အင်္ဂါနေ့ ရွေးကောက်ပွဲမှာ ၂၅ နဲ့ ၁၇ ရာခိုင်နှုန်း မဲအသီးအသီးရရှိခဲ့တဲ့အတွက် ဒီဇင်ဘာလမှာ တကျော့်ပြန် ရွေးကောက်ပွဲပြန်လည် ကျင်းပရမှာဖြစ်ပါတယ်။ အကြောင်းကတော့ နှစ်ယောက်စလုံးမဲအရေအတွက် ဟာ ၅၀ ရာခိုင်နှုန်းအထက် အပြတ်အသတ် အနိုင်မရခဲ့လို့ပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG