သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျင့်ဝတ်စောင့်ကြပ်ရေးအဖွဲ့ လုပ်ပိုင်ခွင့် ကန့်သတ်မယ့်အစီအစဉ် ကန်အောက်လွှတ်တော်ဖျက်


လွှတ်တော်အမတ်တွေရဲ့ နိုင်ငံရေးဆောင်ရွက်မှုတွေမှာ ကျင့်ဝတ်နဲ့ ညီညွတ်ခြင်း ရှိ မရှိ စုံစမ်းတဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြောင်းလဲ ကန့်သတ်မယ့် အစီအစဉ်ကို လွှတ်တော် စတင်တဲ့ အင်္ဂါနေ့မှာ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေက ပယ်ဖျက်လိုက်ပါတယ်။

ဒါဟာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ Donald Trump ဒီကိစ္စကို ပြင်းပြန်းထန်ထန် ကန့်ကွက်လိုက်ပြီး နာရီပိုင်း အကြာမှာပဲ အခုလို ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

လွှတ်တော်အမတ်တွေအနေနဲ့ အခွန်ကောက်ခံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ တခြားအရေးကြီးတဲ့ ကိစ္စတွေကိုသာ ဦးစားပေး လုပ်ဆောင်သင့်ကြောင်းနဲ့ ဝါရှင်တန်မှာ သြဇာညောင်းနေသူတွေရဲ့ အခန်းကဏ္ဍ ပပျောက်သွားရေးကို လုပ်ဆောင်သင့်ကြောင်း Trump က ပြောပါတယ်။

လွှတ်တော်အမတ် ၄၃၈ ဦးရဲ့ ၂ နှစ်တာ သက်တမ်း စတင်တဲ့အချိန်မှာ လွှတ်တော်က လွှတ်တော်အမတ်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ ကျင့်ဝတ်သိက္ခာနဲ့ ညီညွတ်ခြင်း ရှိ မရှိဆိုတဲ့ ကိစ္စကို မဲခွဲဆုံးဖြတ်ကြဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan ကတော့ လွှတ်တော်အမတ်တွေရဲ့ နိုင်ငံရေးဆောင်ရွက်မှုတွေမှာ ကျင့်ဝတ်နဲ့ ညီညွတ်ခြင်း ရှိ မရှိ စုံစမ်း စစ်ဆေးတဲ့ သီးခြား လွတ်လပ်တဲ့အဖွဲ့ဟာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG