သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US Open အမျိုးသမီးတင်းနစ် Angelique Kerber ဗိုလ်စွဲ


US Open တင်းနစ် အမျိုးသမီးတဦးချင်း ဗိုလ်လုပွဲမှာ ဂျာမနီနိုင်ငံသူ Angelique Kerber ဗိုလ်စွဲ (စက်တင်ဘာလ ၁၀)
US Open တင်းနစ် အမျိုးသမီးတဦးချင်း ဗိုလ်လုပွဲမှာ ဂျာမနီနိုင်ငံသူ Angelique Kerber ဗိုလ်စွဲ (စက်တင်ဘာလ ၁၀)

US Open တင်းနစ် အမျိုးသမီးတဦးချင်း ဗိုလ်လုပွဲမှာ ဂျာမနီနိုင်ငံသူ Angelique Kerber က ချက်သမ္မတနိုင်ငံသူ Karolina Pliskova ကို အနိုင်ရပြီး ၂၀၁၆ ခုနှစ် ချံပီယံဆုကို ဆွတ်ခူးသွားပြီ ဖြစ်ပါတယ်။

စနေနေ့ ညနေက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပတဲ့ ချံပီယံလုပွဲမှာ ၃ ပွဲဆက်တိုက် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးတဲ့နောက်မှာ Angelique Kerber က အနိုင်ရသွားတာပါ။

ပထမပွဲမှာ Angelique Kerber က ၆ - ၃ နဲ့ အနိုင်ရလိုက်ပေမယ့် ဒုတိယပွဲမှာတော့ Karolina Pliskova က ၆ - ၄ နဲ့ အနိုင်ရလိုက်ပြန်တဲ့အတွက် ၁ ပွဲစီ သရေဖြစ်နေခဲ့ တာပါ။ တတိယပွဲ မှာလည်း ၂ ဦးစလုံး တဦးကို တဦးအပြန်အလှန် Break တွေ လုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ Angelique Kerber က ၆ - ၄ နဲ့ အနိုင် ရလိုက်တာ ဖြစ်ပါတယ်။

ဒါဟာ Angelique Kerber ရဲ့ ဒုတိယအကြိမ်မြောက် Grand Slam ချံပီယံ ဆုဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် Australian Open တင်းနစ်ပြိုက်ပွဲမှာလည်း အနိုင်ရခဲ့ပြီး ဖြစ်ပါတယ်။

အခု US Open မှာ အနိုင်ရလိုက်တဲ့အတွက် Angelique Kerber ဟာ အမျိုးသမီး တင်စနစ်မှာ ကမ္ဘာ့ အဆင့်နံပတ် (၁) ဖြစ်သွားပြီ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Angelique Kerber ဟာ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားအဖြစ် အသက် ၁၅ နှစ်အရွယ် ၂၀၀၃ ခုနှစ်မှာ စတင် ခဲ့တာဖြစ်ပါတယ်။

US Open ဆုကြေးအဖြစ် Angelique Kerber အနေနဲ့ အမေရိကန်ဒေါ်လာ ၃ သန်းခွဲ ရရှိသွားခဲ့ပါတယ်။ US Open Grand Slam ဟာ တင်းနစ်ပြိုင်ပွဲတွေ အားလုံးမှာ ဆုကြေးငွေ အများဆုံး ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG