သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်နဲ့ ကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ရပ်တန့်ဖို့ Duterte ဆုံးဖြတ်


အမေရိကန် ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အကြား လာမယ့် သီတင်းပါတ်အတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်ဖို့ စီစဉ်ထားတာဟာ ၂ နိုင်ငံကြား နောက်ဆုံး ပူးတွဲလေ့ကျင့်မှု ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကပြောကြားလိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံအနေနဲ့ သူတို့ရဲ့ လက်ရှိ လုံခြုံရေး သဘောတူညီမှုတွေကို လေးစားမှာ ဖြစ်ပေမယ့် တောင်တရုတ်ပင်လယ်ထဲ အမေရိကန်နဲ့ ပူးတွဲ ကင်းလှည့်တာတွေကို လုပ်ဆောင်တော့မှာ မဟုတ်ဖူးလို့ ပြောပါတယ်။ ဒါဟာ အမေရိကန်နဲ့ တရုတ် အစိုးရတို့ကြား ပဋိပက္ခ တစုံတရာ ဖြစ်စေတာမျိုးကို ရှောင်ရှားနိုင်ဖို့ လို့လည်း ပြောပါတယ်။

နှစ်စဉ်ပြုလုပ်တဲ့ Amphibious landing ပူးတွဲ လေ့ကျင့်ရေးဖြစ်တဲ့ ရေတပ်သင်္ဘောတွေနဲ့ ဝေဟင် မြေပြင် ကမ်းတက်တိုက်ပွဲအတွက် လေ့ကျင့်မှုတွေကို အောက်တိုဘာလ ၄ ရက် အင်္ဂါနေ့မှာ စတင်မှာ ဖြစ်ပါတယ်။ ၉ ရက်ကြာလေ့ကျင့်မှုကို ဖိလစ်ပိုင်နိုင်ငံ Luzon ကျွန်းမကြီးရဲ့ တောင်ပိုင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ အနေနဲ့ လက်ရှိမှာ တရုတ်နိုင်ငံနဲ့ နယ်မြေပိုင်ဆိုင်မှု အငြင်းပွါးနေတဲ့ ကိစ္စတွေ ပိုပြီး မဆိုးလာစေဖို့ ကာကွယ်တဲ့ အနေနဲ့ နောင်မှာ တောင်တရုတ်ပင်လယ်ပြင်ထဲ လာမယ့် အမေရိကန် ဦးဆောင်တဲ့ လှည့်ကင်းတွေကို မောင်းထုတ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါပေမယ့်လည်း သူ့အစိုးရဟာ ဒေသတွင်း ကိုယ့်ရဲ့နယ်မြေ ပိုင်ဆိုင်ခွင့်အတွက် ရအောင်လုပ်ဖို့် နှောင့်နှေးနေတယ် ဆိုတဲ့ ပြောကြားချက်ကိုတော့ ငြင်းဆိုပါတယ်။

ဒီလ အစောပိုင်းတုန်းကတော့ ဖိလစ်ပိုင်တောင်ပိုင်းမှာ ချထားတဲ့ အမေရိကန် အထူးတပ်တွေကို ပြန်ရုတ်သိမ်းဖို့ Duterte က အမေရိကန် အစိုးရကို တောင်းဆိုခဲ့ပါတယ်။ အဲဒီဒေသမှာ မူစလင် အစွန်းရောက်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ ဒေသခံတပ်တွေကို အမေရိကန် တပ်ဖွဲ့တွေက အကြံပေးနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG