သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီယားကို ကန်နဲ့ဂျပန် အရေးယူမှု တိုးမြင့်ဖို့ ရှိနေ


မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှုကို ဆန္ဒပြနေစဉ်
မြောက်ကိုရီးယားရဲ့ နျူးကလီးယား စမ်းသပ်မှုကို ဆန္ဒပြနေစဉ်

မြောက်ကိုရီးယားရဲ့ ပဉ္စမမြောက်နဲ့ အကြီးမားဆုံး နျူးကလီးယား စမ်းသပ်မှုအပြီးမှာ အမေရိကန် ပြည်ထောင်စုဘက်က ဒဏ်ခတ်ပိတ်ဆို့မှု တိုးမြှင့်ချထားဖို့ စဉ်းစားသုံးသပ်နေပါတယ်။

ကုလ လုံခြုံရေး ကောင်စီမှာ အရေးယူ ဆောင်ရွက်ဖို့အပြင် အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ဘက်ကလည်း ထပ်ပြီးတော့ တနိုင်ငံတည်းကဖြစ်စေ ဒါမှမဟုတ်လည်း နှစ်နိုင်ငံ၊ သုံးနိုင်ငံတို့ ပူးပေါင်းပြီး မြောက်ကိုရီးယား အစိုးရကို အရေးယူဆောင်ရွက်သွားဖို့ စဉ်းစားသုံးသပ်နေပါတယ်လို့ မြောက်ကိုရီးယားဆိုင်ရာ မူဝါဒရေးရာ အမေရိကန် အထူးကိုယ်စားလှယ် Sung Kim က တိုကျိုမြို့တော်မှာ ပြောဆိုခဲ့တာပါ။

ဒီမတိုင်ခင် အစောပိုင်းက စလို့လည်း တောင်ကိုရီးယားနဲ့ အမေရိကန် တို့က ရေဒီယို ဓာတ်သတ္တိကြွ ဓာတ်တွေ ပါဝင်နေတဲ့ ပစ္စည်းတွေကို စတင်ရှာဖွေနေပါတယ်။ မြောက်ကိုရီးယားရဲ့ နျူးကလီးယား စွမ်းရည် ဖြစ်ထွန်းမှု အပေါ်မှာ နိုင်ငံတွေဘက်ကလည်း စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော် ပြောဆိုနေကြသလို တောင်ကိုရီးယား အာဏာပိုင်တွေဘက်ကလည်း မြောက်ကိုရီးယားရဲ့ နျူးကလီးယား စွမ်းရည်က အတော်အတန် တိုးတက်တဲ့ အဆင့်ကို မြန်မြန်ဆန်ဆန် ရောက်ရှိလာနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG