သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အကြမ်းဖက် လှုပ်ရှားမှု ကမ္ဘာတလွှား ချဲ့ထွင်


အီရတ်နိုင်ငံတွင်း IS အဖွဲ့တွေနဲ့ အီရတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်စဉ်။ ( မေ ၂၉၊ ၂၀၁၆)
အီရတ်နိုင်ငံတွင်း IS အဖွဲ့တွေနဲ့ အီရတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်စဉ်။ ( မေ ၂၉၊ ၂၀၁၆)

ကမ္ဘာတဝှမ်း အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို ကြည့်ရင် အိုင်အက်စ် အစွန်းရောက်အဖွဲ့လို အဖွဲ့တွေရဲ့ ဖြန့်ကျက်ပြန့်နှံ့မှုတွေဟာ အရှေ့တောင်အာရှ၊ ရုရှားမြောက်ပိုင်း Caucasus ဒေသနဲ့ အာဖရိက အပါအဝင် ဒေသတွေထဲမှာ ပိုကြီးမားလာနေတာကို တွေ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အကြမ်းဖက်မှုဆိုင်ရာ နှစ်ပါတ်လည် အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အယ်လ်ကိုင်းဒါး၊ ဘိုကိုဟာရမ်နဲ့ အယ်လ် ရှဘတ် အဖွဲ့တွေက မတည်မငြိမ်ဖြစ်အောင် ဆက်ပြီးတိုက်ခိုက် နေချိန်မှာ အိုင်အက်စ် အစွန်းရောက်တွေက ပြီးခဲ့တဲ့ နှစ်ထဲမှာ ကမ္ဘာတဝှမ်း အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် အထူးသဖြင့် ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွေမှာ ဆက်ပြီး ခိုင်ခိုင်မာမာ ရှိနေတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

၂၀၁၅ နောက်ပိုင်း နှစ်ဝက်လောက်မှာတော့ အဲဒီ ၂ နိုင်ငံမှာ အိုင်အက်စ် အစွန်းရောက် အဖွဲ့တချို့ အချေမှုန်းခံနေရချိန်မှာ ပြင်သစ်နဲ့ တူရကီအပါအဝင် ကမ္ဘာ့ တခြားဒေသတွေမှာ သူတို့ဟာ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုတွေ လုပ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

အိုင်အက်စ်အဖွဲ့အနေနဲ့ လစ်ဗျားမှာ အောင်မြင်မှု ရခဲ့သလို အာဖဂန်နစ်စတန်၊ ပါကစ္စတန်နဲ့ နိုင်ဂျီးရီးယား အပါအဝင် နိုင်ငံမျိုးတွေမှာ သူတို့ရဲ့ မဟာမိတ်အဖွဲ့တွေကို ထူထောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ အစီရင်ခံစာထဲမှာ နိုင်ငံရပ်ခြား အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ခဲတဲ့ အဖွဲ့ပေါင်း ၆၀ နီးပါးရှိနေသလို ကမ္ဘာတဝှမ်း အကြမ်းဖက်မှု ခြေမှုန်းရေး လုပ်ဆောင်ရာမှာ ဆိုးဝါးတဲ့ နိုင်ငံအဖြစ်လည်း နိုင်ငံ အတော်များများကို သတ်မှတ်ခဲ့တာပါ။

နိုင်ငံရပ်ခြားက လာရောက်တဲ့ တိုက်ခိုက်သူများ အရေးနဲ့ ပါတ်သက်ပြီးနိုင်ငံပေါင်း ၄၅ နိုင်ငံက ဥပဒေတွေ ထုတ်ပြန်တာ ဒါမှမဟုတ် ပြန်လည်မွန်းမံတာတွေ လုပ်ခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG