သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ရေငုပ်သင်္ဘော ပစ်မှတ်ထား စစ်ရေးလေ့ကျင့်


အမေရိကန်၊ တောင်ကိုရီးယား စစ်သင်္ဘောများ ပူးတွဲ စစ်ရေးလေ့ကျင့်စဉ်။ ဇူလိုင် ၂၇၊ ၂၀၁၀။
အမေရိကန်၊ တောင်ကိုရီးယား စစ်သင်္ဘောများ ပူးတွဲ စစ်ရေးလေ့ကျင့်စဉ်။ ဇူလိုင် ၂၇၊ ၂၀၁၀။

မြောက်ကိုရီးယားဘက်က ရန်လိုမှုတွေကို အဟန့်အတား ဖြစ်စေဖို့ ရည်ရွယ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၃ ရက်မြောက် စစ်ရေးလေ့ကျင့်တဲ့ ဒီနေ့ အရှေ့ပင်လယ်ထဲမှာ နှစ်ဘက် စစ်သင်္ဘောတွေကနေ ပစ်ခတ်လေ့ကျင့်မှုတွေ၊ ရေနက်ဗုံး ကြဲချမှုတွေကို လေ့ကျင့်ခဲ့ကြပါတယ်။

အသုံးမပြုတော့တဲ့ ရေငုပ်သင်္ဘောတစင်းကို မြောက်ကိုရီးယား ရေငုပ်သင်္ဘောလို သဘောထားပြီး ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကနေ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ၇၅ မိုင်လောက်နဲ့ မြောက်ကိုရီးယား ရေပိုင်နက်ရဲ့ တောင်ဘက်တွေမှာ ပြုလုပ်ခဲ့ကြတာပါ။

အခုလို စစ်ရေးလေ့ကျင့်မှုကြောင့် မြောက်ကိုရီးယားတို့ဘက်က ရန်လိုတဲ့ လုပ်ရပ်တွေ နောင်မှာ လုပ်မလာအောင် အဟန့်အတား ဖြစ်လိမ့်မယ်လို့ အမေရိကန် ရေတပ်သင်္ဘော USS George Washington ပေါ်ကနေ ရေတပ်ဗိုလ်ချုပ်ကြီး ဒန် ကလွိုက်ဒ် (Dan Cloyd) က ဗွီအိုအေကို ပြောပါတယ်။

မတ်လတုန်းက မြောက်ကိုရီးယား လက်ချက်နဲ့ တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်ခဲ့ရတာလို့ စုံစမ်းတွေ့ရှိခဲ့ပြီးနောက်မှာ ခုလို အမေရိကန်နဲ့ တောင်ကိုရီးယား ပေါင်းပြီး စစ်ရေးလေ့ကျင်တာ ဖြစ်ပါတယ်။ ၄ ရက်ကြာမယ့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ကိုးရီးယားစစ်ပွဲ ပြေငြိမ်းတာ ၇၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်နဲ့ တိုက်ဆိုင်ပြုလုပ်တာ ဖြစ်ပါတယ်။

XS
SM
MD
LG