သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီကို တရားစွဲနိုင်မယ့် ဥပဒေကြမ်း ဗီတိုသုံး ပယ်ချမယ်


အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက် မှုကြီး အောက်မေ့ဖွယ်နေ့ သမ္မတ အိုဘားမား တက်ရောက်ခဲ့စဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၆)
အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက် မှုကြီး အောက်မေ့ဖွယ်နေ့ သမ္မတ အိုဘားမား တက်ရောက်ခဲ့စဉ်။ (စက်တင်ဘာ ၁၁၊ ၂၀၁၆)

အမေရိကန်ပြည်ထောင်စုကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုကြီးမှာ အသက်မသေပဲကျန်ရစ်သူတွေ နဲ့ သေဆုံးသွားတဲ့ သူတွေရဲ့ မိသားစုဆွေမျိုးတွေက သူုတို့ရဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ဆော်ဒီ အစိုးရအပေါ်မှာ တရားစွဲခွင့်ပြုလာနိုင်တဲ့ ဥပဒေကြမ်းကို အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ဗီတိုအာဏာသုံးပြီး ဒီကနေ့ သောကြာနေ့မှာ ပယ်ချသွားမှာဖြစ်ပါတယ်။

ဒီဥပဒေက ပြည်ပမှာရှိတဲ့ အမေရိကန်တွေအပေါ်မှာ တရားဥပဒေကြောင်းအရ အန္တရာယ်တွေရှိလာနိုင်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ ကျနော်တို့အနေနဲ့ ဒီဥပဒေကြမ်းဟာ မကောင်းဘူးလို့ ယုံကြည်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ပြောပါတယ်။

သမ္မတအိုဘားမားဘက်က ဗီတိုအာဏာသုံးပြီး ပယ်ချတာကို ကျော်လွှားနိုင်ဖို့ အတွက် လွှတ်တော်ကလည်း မဲခွဲဆုံးဖြတ်သွားမယ်လို့ ယူဆရပါတယ်။ သမ္မတရဲ့ ဗီတိုအာဏာကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင်တော့ လွှတ်တော်အမတ်တွေ ရဲ့ ထောက်ခံ မဲ ၃ ပုံ ၂ ပုံရရှိုဖို့လိုအပ်ပါတယ်။ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ဆော်ဒီ အစိုးရဘက်က ငြင်းဆိုထားပါတယ်။ ဒါပေမဲ့လည်း နယူးယောက် နဲ့ ဝါရှင်တန်မြို့ကြီးတွေကို လေယာဉ် ၄ စင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဒီအကြမ်းဖက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ လေယာဉ်ပျံပေးဆွဲတဲ့သူ ၁၉ ယောက်ထဲက ၁၅ ယောက်ဟာ ဆော်ဒီနိုင်ငံသားတွေဖြစ်ကြပါတယ်။

ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အမေရိကန်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်လာနိုင်တယ် လို့ ကာကွယ်ရေးဝန်ကြီးဟောင်း William Cohen, CIA အကြီးအကဲဟောင်း Michael Morell နဲ့ သမ္မတဟောင်း George W. Bush ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး Stephen Hadley တို့အပါအဝင် ထိပ်တန်းလုံခြုံရေး အကြံပေးတချို့က လွှတ်တော်အမတ်တွေ ကို ရေးပို့ထားတဲ့ စာကို တွေ့ရှိခဲ့တယ်လို့ ပြင်သစ် သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG