သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook သုံးခြင်းနဲ့ စိတ်ကျရောဂါဆက်စပ်


အင်တာနက် လူမှုကွန်ယက်တွေကို အသုံးများလွန်းရင် စိတ်ကျရောဂါ ဖြစ်နိုင်တယ်လို့ လေ့လာချက်အသစ်တခုက တွေ့ရှိခဲ့ပါတယ်။ လူမှုကွန်ယက် အမျိုးမျိုးကို အသုံးပြုတာဟာ အရွယ်ရောက်သူ လူငယ်တွေကြား စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကြရောဂါ ဖြစ်ပွားမှုတွေနဲ့ ခိုင်မာတဲ့ ဆက်နွယ်မှုတွေကို ပိုပြီးတွေ့ရတဲ့အကြောင်း - Pittsburgh တက္ကသိုလ်၊ မီဒီယာ၊ နည်းပညာနဲ့ ကျန်းမာရေးဆိုင်ရာ သုတေသန ဌာနက သုတေသီတွေ Computers in Human Behavior ဂျာနယ်မှာ ရေးသားခဲ့ကြတာပါ။

အထူးသဖြင့် - လူမှုကွန်ယက် ၇ မျိုးကနေ ၁၁ မျိုးအထိ သုံးတဲ့သူတွေဟာ၊ ၂ မျိုးအထိသာ သုံးတဲ့သူတွေထက် စိတ်ကျရောဂါနဲ့ စိုးရိမ်ကြောင့်ကြတဲ့ ရောဂါ ဖြစ်နိုင်ချေ အလားအလာ ၃ ဆ ပိုများနေတာကို လေ့လာသူတွေ တွေ့ရှိခဲ့ကြပါတယ်။ သုတေသနလေ့လာမှုအတွင်း လူမှုကွန်ယက်တွေမှာ အသုံးပြုတဲ့ စုစုပေါင်းအချိန်တွေကို အခြေခံတွက်ချက်ရာမှာလည်း အလားတူရလဒ်မျိုး တွေ့ရပါတယ်။

ဒါကြောင့်လည်း ဆေးခန်းတွေမှာ ဆရာဝန်တွေအနေနဲ့ စိတ်ကျရောဂါနဲ့ စိုးရိမ်ကြောင့်ကြတတ်တဲ့ရောဂါရှိတဲ့ လူနာတွေကို လူမှုကွန်ယက် အသုံးပြုမှုတွေဟာ ဒီရောဂါလက္ခဏာတွေနဲ့ ဆက်စပ်ကောင်း ဆက်စပ်နိုင်တယ် ဆိုတာကို - တိုင်ပင်အကြံပေးသင့်တယ်လို့လည်း လေ့လာချက်ကို ဦးဆောင်ပြုစုခဲ့သူ သမားတော်တဦးဖြစ်တဲ့ Brian A. Primack က ပြောပါတယ်။

စိတ်ဓာတ်ကျ၊ စိုးရိမ်တတ်တဲ့ လူတွေက လူမှုကွန်ယက် ပုံစံမျိုးစုံကို သုံးကြတာလား - ဒါမှမဟုတ် လူမှုကွန်ယက်တွေကို သုံးတဲ့အတွက် ရောဂါရတာလား ဆိုတာကိုတော့ လေ့လာချက်က မပြောနိုင်ပေမဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် ထွက်ပေါ်လာမယ့် ရလဒ်က တန်ဖိုးရှိလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒီလေ့လာချက်အတွက်ကိုတော့ အသက် ၁၉ နှစ်ကနေ ၃၂ နှစ်ကြား အမေရိကန်လူငယ် ၁၇၈၇ ယောက်ကို ပညာရှင်တွေ သုတေသန လုပ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG