သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Vijay Nambiar ရာထူးဆက်လက်ထားရှိတော့ မည်မဟုတ်


မစ္စတာ ဗီဂျေးနမ်ဘီယာ- ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်
မစ္စတာ ဗီဂျေးနမ်ဘီယာ- ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာရဲ့ ရာထူးကို မကြာခင်ရုပ်သိမ်းတော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ကပြောပါတယ်။

မစ္စတာ နမ်ဘီယာရဲ့ ရာထူးသက်တမ်းဟာ ဒီဇင်ဘာလအကုန်မှာ ပြီးဆုံး မှာဖြစ် ပြီး နောက်ထပ် သက်တမ်းတိုးဖို့ ဒီနှစ် ကုလသမဂ္ဂအထွေထွေ ညီလာခံ က ထောက်ခံတင်ပြခြင်း မရှိခဲ့တာကြောင့်လို ဆိုပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ဗီဂျေးနမ်ဘီယာရဲ့ သက်တမ်းကုန်ဆုံးတော့ မှာဖြစ်ပြီး နောက် ထပ်လူစား ထိုးခန့် အပ်ဖို့ မရှိတော့ဘူးဆိုတဲ့အကြောင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ အမျိုးသမီးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မစ္စတာနမ်ဘီယာကို တာဝန်တာဝန်ပေးထားတဲ့ သက်တမ်းဟာ ဒီဇင်ဘာလ ၃၁ ရက်မှာ ကုန်ဆုံးမှာပါ။ ကုလသမဂ္ဂအထွေထွေညီလာခံကလည်း သူရဲ့ရာ ထူးသက် တမ်းတိုးဖို့ ထောက်ခံတင်ပြခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ် လူစားထိုးခန့် အပ်ဖို့လည်း မရှိပါဘူး။ မြန်မာနိုင်ငံအတွက် မလိုအပ်တော့ဘူးလို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြင်ကြပါတယ်။”

အခုလို ဗီဂျေးနမ်ဘီယာရဲ့ နေရာ မရှိတော့ပေမဲ့ မြန်မာနိုင်ငံအနေနဲ့ ကတော့ သူတို့ ရဲ့ နိုင်ငံခြားရေးမူဝါဒအရ ကုလသမဂ္ဂနဲ့ ဆက်လက်ပူးပေါင်းဆောင် ရွက်သွားမှာဖြစ် တယ်လို့ သမ္မတရုံး့ ညွန်ကြားရေးမှူးဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“အရင်ကလည်း ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။ ခုလည်းပူးပေါင်းဆောင် ရွက်နေတယ်။ နောင်လည်း ပူးပေါင်းဆောင်ရွက်သွားမယ်။ သို့သော် နမ်ဘီယာ နဲ့ပတ်သက်လို့ကတော့ ကျနော်တို့အနေနဲ့ သူ့ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ ကျနော်တို့ကတော့ စိတ်မသက်မသာ ဖြစ်ရတယ်။ အဲဒီအပေါ်မှာလည်း လက်တွေ့ အခြေအနေမှန်တွေကို ထပ်ဟပ်ဖေါ်ပြထားခြင်းမရှိပဲ သူ့ရဲ့ ကြေညာချက်မှာ ပျက်ကွက်ခဲ့တာတွေ တွေ့ရတဲ့အတွက် ကျနော်တို့က တော်တော်လေးကို အံသြ တယ်။ ဒီစတင်ဖြစ်ပွားစေတဲ့အကြောင်းရင်းကို ပျက်ကွက်ခဲ့တယ်။”

မေး။ ။ မစ္စတာ နမ်ဘီယာရဲ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားတဲ့ပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သတင်းမီဒီယာတွေ သွားရောက်ပြီး သတင်းယူ ခွင့်ပြုဖို့အချက်မှာ မြန်မာအစိုးရကလည်း သွားခွင့်ပြုမှာဖြစ်တယ်လို့ တုန့်ပြန် ထားတော့ သတင်းထောက်တွေ အတွက် အစီအစဉ် ဘယ်လိုလုပ်ထားပါသလဲရှင့်။

ဖြေ။ ။ “သတင်းမီဒီယာတွေအတွက် အစီအစဉ်ကတော့ ကနေဦးကတော့ foreign media ပါမယ်။ ဒါပေမဲ့ local correspondents တွေဖြစ် မယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်မှာပါ။ အနိမ့်ဆုံးတော့ ရုပ်သံ၊ ရေဒီယို၊ နေ့စဉ် သတင်းစာ စသဖြင့် လူတွေစုံနေအောင် ရွေးချယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ မကြာခင်အမြန်ဆုံး လွှွတ်မှာပါ။ သို့သော် လွှတ်တဲ့အခါမှာ သူတို့ချည်းပဲ သီးသန့် သွားလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နယ်မြေလုံခြုံရေးအခြေအနေအရ တာဝန်ရှိ သူတွေနဲ့ ချိတ်ဆက်ပြီးတော့ လုံခြုံရေးအရ တာဝန်ယူ ပြီး ဆောင်ရွက် ရမယ်။ အဲဒါကိုတော့ ပြန်ကြားရေးဝန်ကြီးဌာန ဦးဆောင်ပြီးသွားဖို့ စီစဉ်ထားပါတယ်။”

မစ္စတာနမ်ဘီယာဟာ သူ့တာဝန်မပြီးဆုံး ခင် နောက်ဆုံး အကြိမ်အဖြစ်မြန်မာနိုင် ငံနဲ့ပတ်သက်တဲ့ ကြေညာချက်ကို ဒီဇင်ဘာလ ၈ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော မှာဖြစ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်လို့ အရပ်သားတွေရဲ့ လုံခြုံရေးကို လူမျိုးရေး၊ ဘာသာရေးမခွဲခြားပဲ အကာအကွယ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ဗီဂျေးနမ် ဘီယာက တိုက်တွန်းခဲ့သ လို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း အဲဒီဒေသကို ကိုယ်တိုင် သွားပြီး ဒေသခံတွေနဲ့တွေ့ဆုံဖို့ အကြံပြုထားပါတယ်။

ဗီဂျေးနမ်ဘီယာဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ၂၀၁၂ခုနှစ် ဇန်နဝါရီလမှာ စတင်တာဝန်ထမ်းဆောင် ခဲ့ပါတယ်။ ၂၀၀၇ခုနှစ်ကနေ ၂၀၁၂ခုနှစ်ထိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရုံးအဖွဲ့အကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီမတိုင်ခင်မှာတော့ မစ္စတာနမ်ဘီယာဟာ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ် ကြီးအဖြစ် ပါကစ္စတန်၊ တရုတ်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေမှာ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG