သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗွီအိုအေသတင်းထောက် တူရကီထိန်းသိမ်းထား


VOA အမေရိကန် အသံရဲ့ အလွတ်သတင်းထောက် Khajijan Farqin
VOA အမေရိကန် အသံရဲ့ အလွတ်သတင်းထောက် Khajijan Farqin

VOA အမေရိကန် အသံရဲ့ အလွတ်သတင်းထောက် Khajijan Farqin ကို တူရကီနိုင်ငံ Diyarbakir မြို့မှာ အာဏာပိုင်တွေက ဖမ်းဆီးထားပါတယ်။ မနေ့ စနေနေ့က သူမ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဘာကြောင့် ဖမ်းတယ်ဆိုတာ သေသေချာချာ မသိရသေးဘူးလို့ သူမ မိသားစုရဲ့ မိတ်ဆွေက ပြောပါတယ်။

အဲဒီဒေသဟာ အရေးပေါ် အခြေနေ ကြေညာထားတဲ့ နေရာဖြစ်တာမို့ သူမရဲ့ ရှေ့နေကိုယ်တိုင်တောင် သူမနဲ့ ၅ ရက်အတွင်း အဆက်အသွယ် ရနိုင်မှာ မဟုတ်ဖူးလို့လည်း သူမရဲ့ မိသားစုကပြောပါတယ်။ BBC အသံလွှင့်ဌာန အတွက်ပါ သတင်းပေးပို့နေတဲ့ အလွတ်သတင်းထောက် Farqin ဟာ ကြေးနီမိုင်းတွင်း တခု ပြိုကျတဲ့ သတင်းပို့ဖို့ အလာ Siirt ပြည်နယ်တွင်းက ရဲ လုံခြုံရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ turkishminute.com က ဖော်ပြပါတယ်။

ဒီလ အစောပိုင်းတုန်းကလည်း ပြင်သစ် သတင်းဝက်ဘ်ဆိုက် Lesjours.fr အတွက် အလုပ်လုပ်နေတဲ့ Olivier Bertrand လည်း ဆီးရီးယား နယ်စပ် တူရကီဘက်ခြမ်း ဂါဇီယန်းတပ်ဖ်မြို့မှာ သတင်းပို့နေတုန်း အဖမ်းခံရပြီး နယ်နှင်ခံခဲ့ရပါတယ်။တူရကီ နိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ မအောင်မမြင် ဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်း ကြိုးပမ်းမှု နောက်ပိုင်းမှာ သတင်းစာ၊ အသံလွှင့်ဌာန၊ စာပေထုတ်ဝေရေးနဲ့ ဖြန့်ဝေရေး လုပ်ငန်းပေါင်း ၁၉၅ ခုကို ပိတ်သိမ်းခဲ့ပြီး အကြမ်းဖက် ဝါဒစွဲဆောင်ရွက်မှုတွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့စွဲဆိုချက်နဲ့ သတင်းထောက် ၁၅၀ နီးပါးတို့ကို ထောင်ချခဲ့ပြီးလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လထဲမှာ Diyarbakir မြို့ရဲ့ တွဲဘက် မြို့တော်ဝန်တွေဖြစ်တဲ့ Gultan Kisanak နဲ့ Firat Anli တို့ကို အကြမ်းဖက်တဲ့ ပြစ်မှုတွေနဲ့ ဖမ်းဆီးခဲ့ပြီး ရာထူးကနေ ဖယ်ရှားခဲ့တဲ့နောက် ထောင်နဲ့ချီတဲ့မြို့ခံတွေ ဆန္ဒပြခဲ့ကြတာပါ။ Diyarbakir မြို့ဟာ တူရကီ အရှေ့တောင်ပိုင်းက Kurds အများစုနေထိုင်တဲ့ အကြီးဆုံး မြို့ကြီးဖြစ်ပြီး Kurds လိုလားတဲ့ လှုပ်ရှားမှုတွေကို ဗဟိုပြုလှုပ်ရှားကြတဲ့ နေရာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG