သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီ လေပြင်း လူတဦးသေဆုံး


(MOI)
(MOI)

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ မေလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ တွေမှာ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာတွေ သစ်ပင်တွေပြိုလဲတာတွေကြောင့် အိမ်ခြေပေါင်း ၂၆၃အိမ် ပျက်စီးပြီး သာသနိကအဆောက်အဦး ၄လုံး စာသင်ကျောင်း ၇ကျောင်းနဲ့ ဌာနဆိုင်ရာအဆောက်အဦး တွေ ၉ခုလောက် ပျက်စီးသွားခဲ့ပြီး လူတဦး သေဆုံးမူဖြစ်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

နှစ်စဉ်နှစ်တိုင်း သဘာဝဘေးဒဏ်ကိုကြုံရတဲ့ စစ်ကိုင်းတိုင်း ကနီမြို့မှာတော့ မေလ ၅ ရက်နေ့နဲ့ ၆ ရက်နေတွေမှာ လေပြင်းတိုက်တာ မိုးသီးကြွေတာတွေ သစ်ပင်လဲပြိုတာတွေ ကို ကြုံခဲ့ရတာပါ။ မေလ ၆ ရက်နေ့ကတော့ လေပြင်းတိုက်တာတွေပြင်းထန်ပြီး အဆောက်အဦးတွေ ပျက်စီးမူတွေဖြစ်ရကြောင်းကို လူတဦးသေဆုံးမူဖြစ်ခဲ့ကြောင်းကိုတော့ စစ်ကိုင်းတိုင်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

“လူနေအိမ်တွေကတော့ လောလောဆယ်ရထားတာကတော့ ၂၆၃ ခုပေါ့အမိုးလှန်တာပေါ့နော်။ နောက်သာသနိက အဆောက်အဦးက ၄ လုံး ၊ စာသင်ကျောင်းက ၇ ကျောင်း၊ ဌာနဆိုင်ရာအဆောက်အဦးက ၉ ခု အဲဒါလေးတွေရထားပါတယ်။ သွပ်တွေဘာတွေလှန်တာတို့ပေါ့လေ။ နောက်သစ်ပင် သစ်ကိုင်းတွေကျိုးပြီးတော့ ထိသွားတာတွေ အဲဒါမျိုးတွေပါခင်ဗျ။ ကျနော်တို့ကတော့ အဲဒါတွေကိုတော့ ဘယ်လိုဖြစ်တယ်ဆိုတာတွေကိုတော့ အသေးစိတ်တော့ စာရင်းကောက်ခိုင်းထားတာပါခင်ဗျ။”

ပျက်စီးနေရာများကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လည်းလာရောက်ကြည့်ရူ့ (MOI)
ပျက်စီးနေရာများကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လည်းလာရောက်ကြည့်ရူ့ (MOI)

ကနီမြို့ကို မေလ ၆ ရက်နေ့က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လည်းလာရောက်ကြည့်ရူ့ခဲ့ပြီး လိုအပ်တဲ့ထောက်ပံ့မူတွေ ပေးဖို့ စီစဉ်နေပါတယ်။ ဒီထဲမှာ မေလ ၅ရက်နေ့က သေဆုံးသူတဦးကို ထောက်ပံ့ငွေ၃သိန်းပေးခဲ့ပြီး အိမ်ခြေပျက်ဆီးမှု ပေါ်မူတည်ပြီး ထောက်ပံ့မူများပေးသွားမှာ ဖြစ်တယ်လ့ိုလည်း စစ်ကိုင်းတိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

“ကျနော်တို့အခုပဲ ဝန်ကြီးချုပ်နဲ့အတူတူသွားပြီးတော့ ပြန်ရောက်တာပါ အခုပဲ။ ထောက်ပံ့မှုအတွက်လုပ်ထားတာကတော့ သွပ် ၁၀ ပြားအောက်ကို ငွေ ၂ သောင်းနှှုန်းပေါ့ နောက် ၁၀-၂၅ ချပ်ကို ၃သောင်း၊ ၂၅-၃၀ က ၅ သောင်း၊ ၃၀ အထပ်ကို ၇ သောင်းပေါ့ အိမ်ပြိုရင်တော့ ၁ သိန်းပေါ့နော် အဲလိုမျိုး ကျနေ်ာတို့ထောက်ပံ့ဖို့လုပ်ထားတာပေါ့နော်။ သေဆုံးတာကတော့ မနေ့ကတော့ မရှိဘူး၊ ဟိုအရှေ့တရက်ကတော့ ရှိတယ်။ အဲဒါကတော့ ၃ သိန်းလှူပါတယ် ၅ ရက်နေ့က ဖြစ်တာပေါ့နော်။ အဲဒါက လေတိုက်တာကြောင့်ပါ သူက ထမ်းတက်သမားပေါ့ ၊ထမ်းပင်တက်တဲ့အချိန်လေတိုက်တာကြောင့် ပြုတ်ကျတာ အဲဒါကြောင့်ဖြစ်တာပါ။”

ကနီဒေသဟာ နှစ်စဉ်သဘာဝဘေးဒဏ်ကိုကြုံရတယ်လို့လည်းဆက်ပြောပြပါတယ်။

“ကျနော်တို့စစ်ကိုင်းတိုင်းက ပုံမှန်အားဖြင့်ကတော့ ဧပြီလဆန်းဆိုရင် ကလေး၊ တမှူး အဲဒါဘက်မှာ ဖြစ်တယ်။ မေလဆိုရင်တော့ စစ်ကိုင်းတိုင်းအောက်ပိုင်းအဓိကဖြစ်တာပေါ့နော် အခုက တော်တော်များများလည်း ဖြစ်ပြီးသွားပြီ ကလေးဘက်လည်းဖြစ်ပြီးပြီ တမှူးဘက်လည်း ဖြစ်ပြီးပြီ နောက်ဒီဘက် အောက်ပိုင်းက မြို့တော်တော်များများဖြစ်သွားပြီ စစ်ကိုင်းရယ် ၊ ညောင်မြို့နယ်အဲဒါတွေပဲ ကျန်တာပေါ့နော်။ တော်များများက ဖြစ်ပြီးသွားပြီ။”

ဆုံးရှုံးပျက်စီးမူတွေကို ဆက်လက်ကောက်ယူနေဆဲဖြစ်ပြီး သဘာဝဘေးဒဏ်ကိုကာကွယ်နိုင်ဖို့ အတွက်လည်း ပြင်ဆင်မူတွေလုပ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ မေလ ၇ ရက်မနက်ပိုင်းအချိန်တိုင်းထွာချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာမယ်လို့ ပြောဆိုထားပါတယ်။

ကနီ လေပြင်း လူတဦးသေဆုံး
please wait

No media source currently available

0:00 0:03:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG