သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှအမျိုးသမီးဖလား ခြေစစ်ပွဲ ဗီယက်နမ် ၂ - မြန်မာ ၀ ဂိုး


 Vietnam defeat Myanmar 2-0 Photos: Vietnam Football Federation
Vietnam defeat Myanmar 2-0 Photos: Vietnam Football Federation

Vietnam နိုင်ငံ Hanoi မြို့တော်မှာ အင်္ဂါနေ့က ကစားခဲ့တဲ့ AFC အမျိုးသမီးအာရှဖလားအတွက် အုပ်စု D ခြေစစ်ပွဲမှာ အိမ်ရှင် Vietnam အသင်းက မြန်မာအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဗိုလ်လုပွဲကို တက်သွားပါတယ်။ အုပ်စုထဲကအရင်ပွဲစဉ်တွေမှာ အရှုံးမရှိခဲ့တဲ့ မြန်မာအသင်းနဲ့ Vietnam အသင်းတို့ ပွဲစထဲက အကြိတ်အနယ် ကန်ခဲ့ကြပါတယ်။

ပွဲစပြီး မိနစ် ၃၀ လောက်မှာ မဝင်းသိင်္ဂီထွန်းသယ်လာတဲ့ ဘောလုံးကို နော်အဲလိုဝါးဖောက သွင်းဖို့ကြိုးစားခဲ့ပေမဲ့ ဂိုးတိုင်ဘားကိုထိပြီး ဂိုးလွဲခဲ့ရပါတယ်။ ပထမပိုင်းမှာ ၂ ဖက်လုံး ဂိုး မသွင်းနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းက Vietnam ဖက်က ဖိကစားခဲ့တဲ့အတွက် ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ပထမပိုင်းနာရီဝက်မှာ မြန်အသင်းကစားပုံအတွက် ဂုဏ်ယူတယ်လို့ မြန်မာအသင်းနည်းပြက AFC သတင်းကို ပြောပါတယ်။ ဒုတိယပိုင်းမှာတော့ Vietnam ဖက်ကအပေးအယူ အချိတ်အဆက် ပိုမိခဲ့တယ်လို့ သူကပြောပါတယ်။ အင်္ဂါနေ့ကပွဲဟာ မြန်မာနဲ့ Vietnam အသင်းတို့ ၄ နှစ်အတွင်း ၆ ကြိမ်မြောက်ကစားခဲ့တဲ့ပွဲဖြစ်ပါတယ်။

အရင်ပွဲတွေတုန်းကလည်း မြန်မာက Vietnam ကိုမနိုင်ခဲ့ပါဘူး။ အခုတော့ Vietnam အမျိုးသမီးအသင်းဟာ အုပ်စု D ရဲ့ အုပ်စုဗိုလ်အဖြစ်နိုင်ပြီး ဗိုလ်လုပွဲကို တက်သွားနိုင်ပါပြီ။ ၁၉ ကြိမ်မြောက် AFC အာရှဖလား အမျိုးသမီးဗိုလ်လုပွဲတွေကတော့ ၂၀၁၈ ခုနှစ်ကျမှ ဂျော်ဒန်နိုင်ငံမှာကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG