သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာ့ဖလားဒု-ဆင့် ရှုံးထွက်ပွဲမှာဂါနာက အမေရိကန်ကို ၂ ဂိုး ၁ ဂိုးနဲ့နိုင်


မနေ့က ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလား ဘော်လုံးပြိုင်ပွဲ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ် မှာ ဂါနာ က အမေရိကန် ကို ၂ ဂိုး ၁ ဂိုး၊ ဥရုဂွေး က တောင်ကိုရီးယား ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိပြီး ကွားတားဖိုင်နယ် ကို တက်သွားကြပါတယ်။

ဂါနာအသင်းက အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အနိုင်ဂိုး ကို Asamoah Gyan က အချိန်ပို ကစားရာမှာ ပထမပိုင်း ၃ မိနစ်မှာ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်တုံးကလည်း ဂါနာ အသင်း ဟာ အုပ်စု ပွဲမှာ အမေရိကန်အသင်း ကို အနိုင် ကစားခဲ့ ပါတယ်။

ဂါနာ က ဥရုဂွေး နဲ့ သောကြာနေ့ မှာ ကွားတားဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။ ဂါနာအသင်း ဟာ အာဖရိကတိုက် က ကျန်နေခဲ့တဲ့ တစ်ခုတည်းသောအသင်း ဖြစ်ပါတယ်။

အစောပိုင်းက ကစားခဲ့တဲ့ ပွဲမှာတော့ ဥရုဂွေး က တောင်ကိုရီးယား ကို ၂ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး၊ နှစ်ပေါင်း ၄၀ အတွင်းမှာ ပထမဆုံးအဖြစ် ကွားတားဖိုင်နယ် တက်သွားပြီဖြစ်ပါတယ်။

XS
SM
MD
LG