သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေကမ္ဘာနေ့


ဒီကနေ့ တနင်္ဂနွေနေ့ဟာ ၁၉၇၀ ခုနှစ်ကတည်းက အသိအမှတ်ပြုခဲ့တဲ့ မြေကမ္ဘာနေ့ ဖြစ်ပါတယ်။ မြေကမ္ဘာနေ့ကို စီစဉ်သူတွေက ဒီကနေ့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှု လုပ်ငန်း သန်းပေါင်းတစ်ထောင် ပြုလုပ်ဖို့ နှိုးဆော်နေပါတယ်။

အဲဒီလှုပ်ရှားမှုတွေကတော့ အိမ်ကမီးတွေ ပိတ်ထားဖို့၊ အလုပ်သွားရမယ်ဆိုရင် အများသုံး ပို့ဆောင်ရေးစနစ်ကို အသုံးပြုဖို့နဲ့ ဒေသတွင်းမှာ စိုက်ပျိုးတဲ့ အစားအစာတွေကို စားသုံးဖို့ စတာတွေ ပါဝင်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ပထမဆုံး မြေကမ္ဘာနေ့ကို ၁၉၇၀ ခုနှစ် ဧပြီးလ ၂၂ ရက်နေ့မှာ စတင်ဆင်နွှဲခဲ့တာပါ။ ဒါဟာ အထက်လွှတ်တော်အမတ် ဂေးလော့ နယ်လ်ဆင် (Gaylord Nelson) က စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး တနိုင်ငံလုံးဆိုင်ရာ သဘာ၀ ပတ်ဝန်းကျင် စောင့်ရှောက်ရေး အသိပညာပေးတဲ့နေ့ တနေ့ဖြစ်ဖို့ ရည်ရွယ် လှုံ့ဆော်ခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ မြေကမ္ဘာနေ့ကို နိုင်ငံတွေ တနိုင်ငံပြီး တနိုင်ငံ တိုးတိုးပြီး ပါဝင်လုပ်ဆောင် ဆင်နွှဲလာကြပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၄၂ နှစ်တုန်းက ပထမဆုံး မြေကမ္ဘာနေ့ကို ဆင်နွှဲပြီးခဲ့တဲ့ အချိန်နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုမှာ အများကြီး ကွာခြားမှုတွေ ရှိလာခဲ့ပါပြီ။

အဲဒီအချိန်တုန်းက စက်ရုံပေါင်း များစွာကနေ မီးခိုးတွေ လေထုထဲကို အများကြီး ထုတ်လွှတ်နေခဲ့ပါတယ်။ ခဲဓာတ်ပါတဲ့ ဓာတ်ဆီတွေ အသုံးပြုပြီး မော်တော်ယာဉ်တွေကို မောင်းနှင်ခဲ့ကြသလို ကားမီးခိုး ထွက်တာတွေလည်း ရှိခဲ့ပါတယ်။ အခုတော့ ဒီလိုအချက်တွေ တော်တော်များများကို ပြုပြင် ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ EPA လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ ထူထောင်ခဲ့ပြီး အစိုးရကကော ဒေသ တရားရေးဌာနတွေကပါ လေထုသန့်ရှင်းရေး ရေသန့်ဖြန့်ဖြူးရေးအပြင် ရှားပါးတိရစ္ဆာန်နဲ့ သစ်ပင်တွေကို ထိန်းသိမ်းတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG