သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှူဒါန်းမှုအရက်ရောဆုံး မြန်မာနိုင်ငံ


မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အလှူဒါန အရက်ရောဆုံး နိုင်ငံတခုအဖြစ် လန်ဒန်အခြေစိုက် ပရဟိတအဖွဲ့တခုဖြစ်တဲ့ CAF က သတ်မှတ်လိုက်ပါ တယ်။ နိုင်ငံပေါင်း ၁၄၀ ကို လေ့လာ စစ်တမ်းကောက်ယူခဲ့ပြီးနောက် CAF အဖွဲ့ကြီးက ၂၀၁၆ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ပေးကမ်း လှူဒါန်းမှုအညွှန်းကိန်း (World Giving Index) မှာ မြန်မာနိုင်ငံကို နံပါတ် ၁ သတ်မှတ်ခဲ့တာဖြစ်ပြီး၊ နံပါတ် ၂ နေရာမှာတော့ အမေရိကန် ပြည်ထောင်စု၊ နံပါတ် ၃ နေရာမှာ သြစတြေးလျနိုင်ငံတို့ကို ဖြစ်ပါတယ်။

ငွေကြေးပေးကမ်းလှူဒါန်းခြင်း၊ စေတနာ့ဝန်ထမ်းခြင်း၊ တပါးသူကို ကူညီခြင်းဆိုပြီး အပိုင်း ၃ ပိုင်းနဲ့ တနိုင်ငံချင်းစီက ပျမ်းမျှလူဦးရေ အချိုးအစား ပေါ်မူတည်ပြီး စစ်တမ်းကောက်ယူခဲ့တာဖြစ်တယ်လို့လည်း CAF က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ - ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ - ဇီဝိတဒါန - ပေးကမ်းစွန့်ကြဲခြင်းကို ဘာသာဓလေ့ထုံးတမ်းအရ ငယ်စဉ်ကတည်းက ယုံယုံကြည်ကြည်နဲ့ လက်တွေ့ ကျင့်သုံးခဲ့ကြတာ ဖြစ်တယ်လို့လည်း အစီရင်ခံစာက ဆိုထား ပါတယ်။

ကမ္ဘာမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလို ကမ္ဘာ့ပေးကမ်းလှူဒါန်းမှုအညွန်းကိန်းမှာ နံပါတ် ၁ အဖြစ် သတ်မှတ်ခံခဲ့ရတာ ၃ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကတော့ ကမ္ဘာ့ပေးကမ်းလှူဒါန်းမှုအညွှန်းကိန်းရဲ့ ထိပ်ဆုံး ၁၀ နိုင်ငံမှာ ပါဝင်ပြီး၊ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ဒီနှစ်မှာ ပေးကမ်းလှူဒါန်းမှု အနည်းဆုံး နိုင်ငံစာရင်းမှာ သတ်မှတ်ခံခဲ့ ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG