သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့သတင်းလွတ်ခွင့် စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်နေရဆဲ


ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ ဖိုရမ် ကျင်းပ
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ ဖိုရမ် ကျင်းပ

မမှန်မကန် သတင်းတွေ အပါအဝင် သတင်းသမားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်အကဲစမ်းမှု အများအပြား ရှိနေတယ်လို့ ပြည်သူ့ ဝန်ဆောင်မှု မီဒီယာတွေ၊ ပုဂ္ဂလိကနဲ့ အစိုးရက ငွေကြေးပံ့ပိုးပေးထားတဲ့ မီဒီယာ အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အဖြစ်နဲ့ အမေရိကန် အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့ BBG နဲ့ Geroge Washington တက္ကသိုလ် မီဒီယာနဲ့ လူထုဆက်ဆံရေးဌာန က ဖိုရမ် တခု ကျင်းပပါတယ်။ အမေရိကန် နိုင်ငံတကာ သတင်းထောက်များရဲ့ အရေးပါမှု၊ မီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်ရေးနဲ့ သတင်းထောက်တွေ လုံခြုံရေးတွေကို ဆွေးနွေးခဲ့ကြတာပါ။ ဗွီအိုအေ သတင်းထောက် Mariama Diallo ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

မှန်ကန် တိကျတဲ့ သတင်းအချက်အလက်တွေ ရရှိဖို့ လူထုရဲ့ လိုလားချက် ကြီးထွားလာတာ၊ သတင်းမှန် ရရှိရေး အပေါ် ကန့်သတ်လာတဲ့ အစိုးရ တချို့ရဲ့ ဆောင်ရွက်ချက်တွေကို ဦးဆောင်ဆွေးနွေးသူတွေ ဆွေးနွေးခဲ့ကြတာပါ။ NPR သတင်းအဖွဲ့အစည်းရဲ့ အကြီးတန်း တာဝန်ရှိသူ Michael Oreskes ကတော့ အခုလို ပြောပါတယ်။

"ကျနော်တို့ကတော့ ဒီမိုကရေစီ နိုင်ငံတွေလို့ ရှုမြင်ထားတဲ့ တချို့ နိုင်ငံတွေမှာ သတင်း အချက်အလက် စီးဆင်းမှုကို ထိန်းချုပ်မှုက သူတို့ အစိုးရရဲ့ အဓိက လက်နက်လို ဖြစ်လာတဲ့ အခါကျတော့ တကယ့် အာဏာရှင်တွေလို ကျင့်သုံး ဆောင်ရွက်လာပါတယ်။ ဆိုတော့ သတင်းစုဆောင်းရယူဖို့ အတွက် သိပ်ကို အခက်အခဲ ဖြစ်စေပြီး တချို့ အခြေအနေတွေမှာ ဆိုရင် အန္တရာယ်ရှိစေပါတယ်။"

သတင်းအချက်အလက်တွေကို လက်နက်တွေ သဖွယ် အသုံးပြုလာနေတယ်လို့ အမေရိကန် အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့ BBG ရဲ့ အုပ်ချုပ်ရေးမှူး John Lansing က သုံးနှုန်း ပြောဆိုမှု ဒီအခြေအနေက တိုးလာနေတယ်လို့ ပြောဆိုသွားပါတယ်။

"ရုရှားအစိုးရက ဘာတွေ ဆောင်ရွက် ဖြစ်ပျက်နေတယ်ဆိုတာကို ကြည့်ပါ။ ပြောဆိုနေတာတွေကိုက အမှားတွေပါဘဲ။ မှန်ကန် တိကျတဲ့ အချက်အလက် မဟုတ်တာတွေကို မဟာဗျူဟာ ကျကျကို ဆောင်ရွက်လာနေတာပါ။ ဒီအစိုးရတွေ အုပ်ချုပ်တဲ့ ကမ္ဘာတလွှားမှာ အချက်အလက်မှန် ရရေးက စိန်ခေါ်ချက်တွေ ရှိနေပါတယ်။ တူရကီမှာလည်း အလားတူ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ သတင်းပတ်တုန်းကဘဲ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ RSF က ၂၀၁၇ ခုနှစ် အတွက် သတင်းလွတ်လပ်ခွင့် အစီရင်ခံစာ အညွှန်းကိန်းကို ထုတ်ပြန်တာမှာ ရုရှားနိုင်ငံက နိုင်ငံပေါင်း ၁၈၀ ထဲမှာ အဆင့် ၁၄၈ မှာ ရပ်တည်နေပါတယ်။ ၂၀၁၂ ခုနှစ်က စလို့ လွတ်လပ်တဲ့ ဦးဆောင် သတင်းဌာနတွေကို အစိုးရ လက်အောက် သွတ်သွင်းလိုက်တာ၊ ဒါမှမဟုတ်လည်း တားမြစ်ပိတ်ပင်တာတွေ လုပ်ခဲ့တယ်လို့လည်း RSF က ထောက်ပြပါတယ်။ တူရကီ နိုင်ငံလည်း သတင်းလွတ်လပ်ခွင့် အညွန်းကိန်းမှာ အဆင့် ၁၅၅ မှာ ရပ်တည်နေပြီး အဆင့် ၄ ဆင့် ပြုတ်ကျတာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ဖွံ့ဖြိုးရေး လှုပ်ရှားမှု အဖွဲ့ Freedom House ကလည်း ကမ္ဘာတလွှား သတင်းလွတ်လပ်ခွင့်က ၁၃ နှစ်တာ ကာလအတွင်း အနိမ့်ဆုံး အဆင့်ကို ရောက်ရှိနေတယ်လို့ ပြောဆိုထားတာပါ။ အရေးပါတဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေက သတင်းထောက်တွေ၊ မီဒီယာတွေ ခြိမ်းခြောက်မှု အသစ်တွေ ရှိလာတာကို အကြောင်းရင်း တခုအနေနဲ့ Freedom House က ထောက်ပြတာပါ။ CNN ရုပ်သံရဲ့ ကမ္ဘာ့ရေးရာ သတင်းထောက် Elise Labott ကတော့ အခုလို ပြောပါတယ်။

"ကမ္ဘာ့အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုမှာ တင်ပြခွင့် ရဖို့ ခက်ခဲလာတာတင် မဟုတ်တော့ပါဘူး။ အခုလက်ရှိ အခင်းအကျင်းအရအမေရိကန် အခြေအနေကို ကမ္ဘာကို တင်ပြဖို့မှာပါ ပိုပြီး ခက်ခဲလာပါတယ်။ ဥပဒေတွေ၊ အန္တရာယ်တွေကြောင့်တင် မဟုတ်ပါဘူး။ မီဒီယာ အပေါ်မှာ လေးစားမှု ဖြစ်ပါတယ်။"

အမေရိကန် သမ္မတ Donald Trump က မီဒီယာက အမေရိကန် ပြည်သူတွေရဲ့ ရန်သူ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အမေရိကန် သတင်းဌာန တချို့ကိုလည်း မမှန်မကန် သတင်းတွေ ဖြန့်နေတယ်လို့ စွပ်စွဲခဲ့တာပါ။ အမေရိကန် သမ္မတ Trump ရဲ့ မီဒီယာ အပေါ် ပုတ်ခတ်ပြောဆိုမှုက တခြား နိုင်ငံ ခေါင်းဆောင်တွေကို သူတို့နိုင်ငံတွင်းက မီဒီယာတွေ အပေါ် စော်ကားမော်ကား ပြောဆိုဖို့ ရဲဆေးတင်ပေးသလို ဖြစ်တယ်လို့လည်း နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ RSF က ပြောပါတယ်။

VOA အနေနဲ့ အမေရိကန် အစိုးရရဲ့ အာဘော်မဟုတ်ဘဲ ဘက်မလိုက် သတင်းအဖွဲ့အစည်း တခု အနေနဲ့ ဆက်ပြီး ရှိနေမလားဆိုတဲ့ မေးခွန်းကိုလည်းVOA ရဲ့ မိခင် အဖွဲ့အစည်း ဖြစ်တဲ့ အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးမှူးများဘုတ်အဖွဲ့ BBG ရဲ့ အုပ်ချုပ်ရေးမှူး John Lansing က ဖြေကြားခဲ့ပါတယ်။ VOA အနေနဲ့ဒီလို ဖြစ်လာမယ်ဆိုရင်တော့ VOA ရဲ့ စည်းမျဉ်းစည်းကမ်း ပဋိညာဉ်အရ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့ BBG ဆွေးနွေးပွဲ
please wait

No media source currently available

0:00 0:03:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG