သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံသားအသတ်ခံရမှု သံသယရှိသူ လွတ်မြောက်


ဗြိတိန်နိုင်ငံသားအသတ်ခံရမှု ဖြစ်ခဲ့သည့် နေအိမ် (MOI)
ဗြိတိန်နိုင်ငံသားအသတ်ခံရမှု ဖြစ်ခဲ့သည့် နေအိမ် (MOI)

ရန်ကုန်မြို့လယ်ရှိ နေအိမ်တိုက်ခန်းတခုအတွင်း ဗြိတိန်နိုင်ငံသားတဦး အသတ်ခံရမှုအတွက် သံသယရှိသူဟာ ထိုင်းနိုင်ငံကို ထွက်ခွာသွားပြီး၊ သူ့ကို ဖမ်းမိဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ကို အကြောင်းကြားထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောပါတယ်။ သံသယနဲ့ အလိုရှိနေသူဟာလည်း ဗြိတိန်နိုင်ငံသားဖြစ်ပြီး၊ သူတို့နှစ်ဦးစလုံးဟာ ရန်ကုန်မြို့ နိုင်ငံတကာကျောင်းတကျောင်းက ကျောင်းဆရာတွေဖြစ်ကြပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မမေခက သတင်းပေးပို့ထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့လယ်က ၃၉ လမ်း အလယ်ဘလောက် ပထမထပ် တိုက် ခန်းတစ်ခန်းမှာ ဗြိတိန် နိုင်ငံသားတစ်ဦးသတ်ခံခဲ့ရပါတယ်။ နိုင်ငံတကာကျောင်းတခုမှာ ဆရာအနေ နဲ့လုပ်ဆောင်နေတဲ့ သေဆုံးသူဟာ သာကေတမြို့နယ်၊ မြခွာညိုအိမ်ရာမှာ နေထိုင်သူတဦးပါ။ သေ ဆုံးခဲ့တဲ့ နေအိမ်ကတော့ သေဆုံးသူသူငယ်ချင်း ဗြိတိန်နိုင်ငံသားတဦး နေထိုင်တာ ဖြစ်ပြီး လက်ရှိ ချိန်မှာတော့ အိမ်ပိုင်ရှင် ဖြစ်တဲ့ သေဆုံးသူရဲ့ သူငယ်ချင်းဟာ ထိုင်းနိုင်ငံကိုထွက်ခွာသွားတာကြောင့် သူ့ကို သံသယ ရှိဆုံးသူအနေနဲ့ ရဲတပ်ဖွဲ့က သတ်မှတ်ထားပါတယ်။

ကျောက်တံတား စခန်းမှုး ဦးတိုးမြို့က လက်ရှိစစ်ဆေးနေမှုကိုပြောပြတာပါ။

“သေဆုံးတဲ့ သူရဲ့အမျိုးသမီးကလည်း အဲဒီလူကို အမှုဖွင့်ထားတယ်။ ဖွင့်ထားတော့ကျနော်တို့က ဆက်ပြီးတော့ စုံစမ်းတာပေါ့။ သူကလည်း အဲဒီနေ့က ၄ ရက်နေ့ညက အတူတူသောက်စားပြီး ၊ ၅ ရက်နေ့မနက်မှာ အိမ်ကိုရောက်တယ် အဲဒီမှာလည်း သောက်စားပြီးတော့ ၅ ရက်နေ့ညနေကပဲ ထွက်သွားတာ။ ကျနော်တို့ ဆီသတင်းပို့တာ ၆ ရက်နေ့မှ သိတာလေ မနေ့က မှသိတာပါ။ သူထွက်သွားတဲ့အကြောင်းကို ကျနော်တို့တောင်မှ ဆင့်ကဲဆင့်ကဲတင်ပြပြီးတော့ သူ့ကို ဖမ်းဖို့ တင်ပြထားရတာပေါ့။ အခုက ဒီနိုင်ငံထဲမှာ မရှိတော့ဘူး မနေ့က ထွက်သွားပြီဆိုတော့ ၅ ရက်နေ့ကတည်းက ထွက်သွားတာလေ။ တခြားသံသယရှိတဲ့လူတွေ တခြားတော့ ပေါ်တာမရှိသေးပါဘူး။ လောလောဆယ် လက်တလောကတော့ သူပဲရှိနေတာ။ တရားလိုကိုယ်တိုင်ကလည်း သူ့ကို direct စွပ်စွဲတာပေါ့ ကျနော်တို့လည်း တင်ပြပြီးတော့ ဆောင်ရွက်စဲပါပဲ။”

သေဆုံးသူနာမည်ကတော့Mr. Peter Gary Ferguson ဖြစ်ပြီး သံသယရှိသူ နာမည်ကတော့ Mr. Harris John Italo Binotti ဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ သံသယရှိတဲ့ မစ္စတာ ဟယ်ရီကို ဖမ်းနိုင်ဖို့ ကဒီနိုင်ငံထဲက ထွက်ခွာ သွား တာကြောင့် နိုင်ငံတကာရဲတပ်ဖွဲ့ကို အကြောင်းကြားထားပြီး ဆက်လက်အမှုကို စိစစ်နေဆဲဖြစ်ပါတယ်။

ကျောက်တံတား စခန်းမှုး ဦးတိုးမြို့က ပြောပြချက်အရကတော့ အခင်းဖြစ် တိုက်ခန်းနေ နိုင်ငံခြားသားမှာ သေဆုံးသူ ဗြိတိန်နိုင်ငံသားနဲ့နောက်ဆုံးအတူရှိခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ ရှိ International School တစ်ခုမှာ အတူတကွ ကျောင်းဆရာအဖြစ် အလုပ်လုပ်ကိုင် နေသူဖြစ်တယ်လို့ စစ်ဆေးတွေ့ရ တယ်လို့ပြောပါတယ်။ သေဆုံးသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ရက်နေ့ညပိုင်းက အခင်းဖြစ် တိုက်ခန်းနေ နိုင်ငံခြားသားနဲ့အတူ အဲဒီအခင်းဖြစ်တိုက်ခန်းမှာ အရက်အတူ သောက်ခဲ့ကြကာ အဲဒီနေရာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူကို နိုဝင်ဘာ ၆ရက်နေ့မှ အဲဒီတိုက် ခန်းမှာ သေဆုံးနေတာတွေ့ရတာပါ။ သေဆုံးသူရဲ့ အတူနေ နိုင်ငံခြားသားအမျိုးသမီးကတော့ သူမယောက်ကျား သေဆုံးမှု နဲ့ပတ်သတ်ပြီး တိုက်ခန်းနေဗြိတိန်နိုင်ငံခြား သား ကို နိုဝင်ဘာ ၆ရက်နေ့ မှာဘဲ သေဆုံးမှုနဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

သံသယရှိသူမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်းက လေကြောင်းလိုင်း တစ်ခုနဲ့ ထိုင်းနိုင်ငံကို ထွက်ခွာသွား တယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG