သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zika ကာကွယ်ရေး အောင်မြင်ဖို့နီးစပ်


ဖလော်ရီဒါရှိ ဇီကာရောဂါဆိုင်ရာ ဓါတ်ခွဲခန်းတခု
ဖလော်ရီဒါရှိ ဇီကာရောဂါဆိုင်ရာ ဓါတ်ခွဲခန်းတခု

ကိုယ်ဝန်ဆောင်စဉ် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ မိခင်တွေကနေ မွေးဖွားလာတဲ့ ကလေးငယ်တွေမှာ မွေးရာပါပြဿနာတွေ ဖြစ်စေတဲ့ ဇီကာ ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်နိုင်မယ့် ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ သုတေသနပညာရှင်တွေ ကြိုးပမ်းနေတာ နီးစပ်လာနေပြီ ဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေးဌာနက သုတေသနပညာရှင်တွေ စမ်းသပ်လေ့လာနေဆဲ ဇီကာကာကွယ်ဆေးဟာ ခန္ဓာကိုယ်ထဲက ခုခံစွမ်းအားစနစ်နဲ့ တန်ပြန်နိုင်မယ့် မျိုးရိုးဗီဇဆိုင်ရာ DNA နည်းပညာကို အသုံးပြုထားတဲ့ ဆေးအမျိုးအစားသစ်တမျိုးလည်း ဖြစ်ပါတယ်။

ဒါဟာဆိုရင် သမရိုးကျ ကာကွယ်ဆေးတွေ ထုတ်လုပ်မှုပုံစံကနေ ခွဲထွက်လာတဲ့ ချဉ်းကပ်မှုအသစ်လည်း ဖြစ်ပါတယ်။ နှိမ်နင်းချင်တဲ့ရောဂါကို ပစ်မှတ်ထား တုံ့ပြန်နိုင်အောင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ဖို့ အားပျော့နေတဲ့ ဒါမှမဟုတ် သေပြီးသား ဗိုင်းရပ်စ်ပိုးတွေကို သုတေသီတွေ အသုံးပြုခဲ့ကြတာပါ။

DNA ကာကွယ်ဆေးမှာတော့ ပိုးမွှားတွေရဲ့ အပြင်ဘက်အခွံကရတဲ့ မျိုးဗီဇကို ပုံတူကူး အသုံးပြုထားပါတယ်။ ဖန်တီးထားတဲ့ DNA ကိုတော့ ဓာတ်ခွဲခန်းမှာ ဆဲလ်တွေထဲကို ထည့်သွင်းပေးပြီး၊ ဗိုင်းရပ်စ်ဆီက ပရိုတိန်းပုံတူကို ထုတ်ယူပါတယ်။ ဒီနောက်မှာတော့ ရလာတဲ့ DNA ဟာ ရောဂါမဖြစ်တတ်တော့ပါဘူး။ ဒီနောက် ကာကွယ်ဆေးကို လူနာမှာ ထိုးပေးတဲ့အခါမှာတော့ ဖန်တီးထားတဲ့ DNA က ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေကို နှိမ်နင်းသွားမှာ ဖြစ်ပါတယ်။

Zika ကာကွယ်ရေး အောင်မြင်ဖို့နီးစပ်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG