ထိုင်းနိုင်ငံ ဘန်ကောက်မှာ ဆောက်လုပ်နေဆဲ မိုးပျံအမြန်လမ်းတခု ပြိုကျခဲ့လို့ မြန်မာအလုပ်သမား ၂ ယောက် အပါအဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။ Chom Thong ခရိုင်ထဲမှာ Rama II ရာမ ၂ လမ်းမကြီးနားမှာ ဆောက်နေတဲ့ မိုးပျံအမြန်လမ်းပြိုပြီး အပိုင်းတခု ရာမ ၂ လမ်းမကြီးပေါ် ပြုတ်ကျခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်ကောင်စီခေါင်းဆောင် ပြောနေသလို နှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ လက်တွေ့ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိနေသလို “အနုတ်သဘောဆောင်တဲ့ ငြိမ်းချမ်းရေး Negative Peace” ကို ဦးတည်သွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကိုငြိမ်းချမ်းအေး မေးမြန်းတင်ပြထားပါတယ်။
စဉ့်ကူးမြို့၊ လက်ပံလှကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၆ ဦးအပါအဝင် အနည်းဆုံး ၂၇ ဦး သေဆုံးပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres ဟာ သောကြာနေ့မှာ Cox's Bazar ကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောခဲ့တယ်လို့ ပြောခွင့်ရ Stephene Dujarric က သောကြာနေ့ မှာ ပြောပါတယ်။
ဘင်္ဂလာဒေ့ရှ်ကို ရောက်နေတဲ့ ကုလအတွင်းရေးမှုးချုပ် Antonio Guterres ဟာ သောကြာနေ့မှာ Cox's Bazar ကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှုတွေ ဖြတ်တောက်မယ့် အစီစဉ်ကို သူတတ်နိုင်သမျှ တားဆီးဖို့ လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမျိုးသမီး အခွင့်အရေးကာကွယ်ဖို့ ကတိတွေရှိပေမဲ့ မြန်မာနိုင်ငံလို စစ်အာဏာရှင်ကြီးစိုးတဲ့ဒေသမှာ အမျိုးသမီးအခွင့်အရေးတွေဟာ ဒီနှစ်ပိုင်းထဲ ပိုမိုဆုတ်ယုတ်လာတယ်လို့ မြန်မာ့အမျိုးသမီးရေး လှုပ်ရှားသူတွေကပြောပါတယ်။ ကုလသမဂ္ဂ CSW ကော်မတီ ဆွေးနွေးပွဲအတွင်း ပြောဆိုခဲ့ကြတာပါ။ မခင်ဖြူထွေး တင်ပြပါမယ်။
မြန်မာနိုင်ငံက လူပေါင်း တသန်းကျော်အတွက် အသက်ကယ် စားနပ်ရိက္ခာအကူအညီ တွေ ဧပြီလက စတင် ပြတ်တောက်ဖို့ ရှိကြောင်း WFP က ဒီကနေ့ သတိပေး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ပဋိပက္ခတွေ ပြင်းထန်လာတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုတွေနဲ့ လူသားချင်းစာနာမှုအကူအညီတွေရောက်ရှိဖို့ ကန့်သတ်ချက်တွေရှိနေပါတယ်။
ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက စစ်တပ်ရဲ့ ပူလူတူစခန်းကို KNLA/PDF တပ်တွေ ဒီနေ့သောကြာနေ့မနက်အစောပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် မြန်မာစစ်သားတချို့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ ပါတယ်။
အလုပ်သမား နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းမှာတရားဝင် အလုပ်လုပ်နေကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို သင်္ကြန်ခွင့်ရက် (၁၅) ရက်ပေးဖို့ ထိုင်းအစိုးရက စဉ်းစား နေပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေး Tak ခရိုင်အတွင်း အထူးဇုံသတ်မှတ်ပေးဖို့ အမျိုးသားလုံခြုံရေးကောင်စီကို ထိုင်းကာကွယ်ရေးဦးစီးချုပ် တောင်းဆိုမည်။
အာရက္ခတပ်တော် AA ရဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူအထိရောက်လာပြီး စီမံကိန်းဧရိယာထဲ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ကျောက်ဖြူအထူးစီးပွားရေး ဇုန်မှာ တရုတ်နဲ့သဘောတူထားတဲ့ စီမံကိန်းတွေ စာချုပ်သတ်မှတ်ချိန်မပြည့်ခင် ပြီးမြောက်အောင် ဆောင်ရွက်ဖို့ စစ်ကောင်စီက အစည်းအဝေးတွေ လုပ်နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ဖိနှိပ်မှုကြောင့် ထိုင်းနိုင်ငံထဲ လာရောက်ခိုလှုံနေတဲ့ ရွှေ့ပြောင်းမြန်မာဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေကဖမ်းပြီး မြန်မာနိုင်ငံထဲ ပြန်ပို့နေတဲ့လုပ်ရပ်ကို ချက်ချင်းရပ်ပေးဖို့ အမေရိကန်အရှေ့ဘက်ခြမ်း မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူတွေက ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်