ကဏ္ဍစုံလင် / တိုက်ရိုက်လေလှိုင်း

မြန်မာ တရုတ် အမေရိကန် သုံးပွင့်ဆိုင် ဆက်ဆံရေး

မြန်မာသမ္မတ နဲ့ အမေရိကန်သမ္မတ တို့ ဝါရှင်တန်ဒီစီမြို့တော်က အိမ်ဖြူတော်တွင် တွေ့ဆုံနေကြစဉ်။ ( မေ ၂၀၊ ၂၀၁၃)

TEXT SIZE - +
25.05.2013
သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့တခြားနိုင်ငံတွေ ဆက်ဆံရေး အထူးသဖြင့် တရုတ်နိုင်ငံဆက်ဆံရေး အပေါ် ဘယ်လိုရိုက်ခတ်မှုရှိစေနိုင်ပါသလဲ၊ အမေရိကန် မြန်မာဆက်ဆံရေးအတိမ်အနက်ရော ဘယ်လိုရှိပါသလဲ။ အမေရိကန် မြန်မာ တရုတ် သုံးပွင့်ဆိုင် ဆက်ဆံရေးနဲ့ ပတ်သက်လို့ မြန်မာ့အရေးသုံးသပ်သူ ပါမောက္ခဝင်း၊ စစ်ထောက်လှမ်းရေးအရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်၊ နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော၊ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဗိုလ်မှူးကြီးခွန်ဥက္ကာတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားတာကို အပြည့်အစုံ

အသံ မြန်မာ့ယဉ်ကျေးမှု နှင့် ဒီမိုကရေစီ

နိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်တဲ့နေရာမှာ မြန်မာလူ့အဖွဲ့အစည်း၊ မြန်မာပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ စရိုက်သဘာဝတွေ၊ အလေ့အကျင့် ဘာတွေကို ပြုပြင်ဖို့လိုအပ်ပါသလဲ။ မြန်မာ့ယဉ်ကျေးမှု၊ စရိုက်သဘာဝအားလုံးဟာ ဒီမိုကရေစီနဲ့ အံဝင်ခွင်ကျဖြစ်ပါသလား

လူမပြောင်းပဲ မူပြောင်းရုံနဲ့ ဒီမိုကရေစီဖော်ဆောင်နိုင်မလား

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အဖုအထစ်တွေ ပေါ်လာတိုင်း ဒါဟာ စနစ်ဟောင်းရဲ့ စရိုက် အကျင့်တွေကြောင့်၊ စရိုက်ဟောင်းရဲ့ လူတွေရှိနေသေးတာကြောင့်လို့ ဝေဖန်မှုတချို့ရှိနေပါတယ်။ လူမပြောင်းပဲ မူပြောင်းရုံနဲ့ ဒီမိုကရေစီ ဖော်ဆောင်နိုင်မယ်လို့ သောတရှင်တွေ ယုံကြည်ကြသလား၊ မယုံကြည်ဘူးလား ဆိုတာကို ဒီသီတင်းပတ်ရဲ့ တိုက်ရိုက်လေလှိုင်းဆွေးနွေးခန်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်နဲ့ ပြည်သူ့ခေတ်ဂျာနယ်အယ်ဒီတာချုပ် ဦးမော်လင်းတို့ကိုပင်တိုင်ထားပြီး မြန်မာ့အရေးလေ့

အသံ မြန်မာနိုင်ငံ အလုပ်သမားထု အခြေအနေ

မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အကောင်းဆုံး အကာအကွယ်နဲ့ အခွင့်အရေးတွေ ပေးအပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ကမ္ဘာ့အလုပ်သမားနေ့ သဝဏ်လွှာ မှာ ဖော်ပြလိုက်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံတွင်းက အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ လက်ရှိကြုံနေရတဲ့အခြေအနေတွေနဲ့ စစ်မှန်တဲ့ အကာအကွယ် စောင့်ရှောက်မှုတွေရဖို့ ဘာတွေ ဆောင်ရွက်ဖို့ လိုအပ်နေပါသလဲဆိုတာကို အလုပ်သမားရေးလှုပ်ရှားသူ မအိရွှေစင်၊ မသက်သက်အောင်၊ ရှေ့နေကြီး ဦးသိန်းသန်းဦး၊ မမာမာသွင်၊ လွှတ်တော်အမတ် ဦးဖေသန်းတို့နဲ့အတူ ဆွေးနွေးထ

အသံ နိုင်ငံတကာ ဆုချီးမြှင့်မှုတွေနဲ့ မြန်မာနိုင်ငံ ထိုက်တန်ပါပြီလား

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး အခြေအနေတွေ တိုးတက် ကောင်းမွန် လာတဲ့အတွက် ဆိုပြီး ဥရောပ သမဂ္ဂ EU က ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးနီးပါး ရုပ်သိမ်းပေးခဲ့သလို မြန်မာသမ္မတဦးသိန်းစိန်ကိုလည်း နယူးယောက် အခြေစိုက် ICG လို့ခေါ်တဲ့ နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ကြီးက ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ပါတယ်။ ဒီလို နိုင်ငံတကာ ဆုချီးမြှင့်မှုတွေဟာ မြန်မာနိုင်ငံ အတွက် တကယ်ပဲ ထိုက်တန်ပါပြီလားဆိုတာ မြန်မာ့အရေးလှုပ်ရှားသူ ကမ္ဗောဇဝင်း၊ သတင်းစာဆရာ စည်သူအောင်မြင့်တို့နဲ့ အတူ ဦးကျော်ဇံသာက စီစဉ် တင်ဆက် ထားတာကို နားဆင

အသံ ပဋိပက္ခ ဒီမိုကရေစီ အဟန့်အတားနဲ့ ကျော်လွှားရေး နည်းလမ်း

မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဘယ်လောက့် အတိုင်းအတာအထိ အဟန့်အတားဖြစ်စေတယ်လို့ထင်ပါသလဲ။ ဒီလို အဟန့်အတားတွေကို ဘယ်လိုကျော်လွှားဖြေရှင်းကြမလဲ ဆိုတာကို ကိုကျော်ကျော်သိန်းနဲ့အတူ မြန်မာနိုင်ငံရှေ့နေများကွန်ယက်အဖွဲ့က ရှေ့နေဦးကိုနီ၊ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အရှင်ပဏ္ဍဝံသခေါ် ဦးပြည်ကျော်တို့ကို ပင်တိုင်ထားပြီး သောတရှင်တွေပါဝင်ဆွေးနွေးသုံးသပ်ထားတဲ့ စနေညဘက် တိုက်ရိုက် လေလှိုင်းဆွေးနွေးခန်းဖြစ်ပါတယ်။

အသံ ပုဂ္ဂလိကသတင်းစာတွေရဲ့ အခြေအနေနဲ့ အလားအလာ

ဆယ်စုနှစ်နဲ့ချီ တားဆီးပိတ်ပင်ခံခဲ့ရပြီးတဲ့နောက် အခုပြန်လည်ပေါ်ထွက်လာတဲ့ ပုဂ္ဂလိကသတင်းစာတွေဟာ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ဘယ်လောက်ရရှိနေကြမလဲ။ ရှေ့အလားအလာကရော ဘယ်လိုဖြစ်လာနိုင်မလဲ ဆိုတာကို မမေသင်္ကြန်ဟိန်နဲ့ ကိုသီဟဆွေတို့ကို ပင်တိုင်ထားပြီး စာနယ်ဇင်းသမားတွေနဲ့ သောတရှင်တွေကိုဖိတ်ခေါ်ပြီး ဦးကျော်ဇံသာနဲ့အတူု ဆွေးနွေးထားပါတယ်။

အသံ မြန်မာနိုင်ငံမှာ အရှုံးမရှိဘူးဆိုရင် ပြည်သူတွေ ဘာအမြတ်ထွက်သလဲ

လက်ရှိမြန်မာနိုင်ငံမှာ ပြည်ပနိုင်ငံတွေနဲ့တကွ ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး လူမှုရေးအင်အားစုတွေ အားလုံးလိုလိုက ရှုံးနိမ့်သူမရှိ "WIN WIN Situation" ဆိုပြီး ကိုယ့်လမ်းကိုယ် ချီတက်နေကြတယ်။ တကယ်ပဲ မြန်မာနိုင်ငံမှာ ရှုံးနိမ့်သူ မရှိတော့ဘူးလား။ မြန်မာပြည်သူတွေကရော ဒီလိုအခြေအနေမှာ ဘာတွေများ အမြတ်ထွက်နေကြပါသလဲ။ အမြတ်ထွက်ဖို့ဆိုရင်ရော ဘာတွေ ဆောင်ရွက်ကြဖို့ လိုလဲဆိုတာကို သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးဗဟိုကော်မတီဝင် လွှတ်တော်အမတ် ဦးလှဆွေတို့အပါအဝင် သောတရှင်တွေနဲ့အတူ ဦးကျော်

အသံ မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာ စစ်တပ်ရှိသင့်လား

တပ်မတော်ဟာ တိုင်းပြည်အန္တရာယ်ကျရောက်လာတိုင်း ထိန်းသိမ်း တာဝန်ယူခဲ့ရတာမို့လို့ ခေတ်မှီဒီမိုကရေစီနိုင်ငံဖော်ဆောင်ရေးမှာလည်း နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ဦးဆောင်ဖို့လိုအပ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသွားပါတယ်။ နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်ပါဝင်နေရင် ဒီမိုကရေစီစနစ် ပီပီပြင်ပြင် ပေါ်ထွန်းလာနိုင်လိမ့်မယ်လို့ ယူဆကြပါသလား ဆိုတာကို ဦးကျော်ဇံသာက စီစဉ်တင်ဆက်ပြီး ဒီမိုကရက်ပါတီ ခေါင်းဆောင်ဦးသုဝေ၊ စာရေးဆရာ ဂါမဏိတို့ကို ဖိတ်ခေါ်ပြီး သောတရှင်တွေနဲ့အတူ ဆွေးနွေးသုံးသပ်ထာ

အသံ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ကြမယ်ဆိုရင် ဘယ်အချက်တွေကို ပြင်ဆင်သင့်ပါသလဲ။ ဘယ်အချက်ဟာ ပြင်ရဆင်ရ အခက်ခဲဆုံး ဖြစ်မယ်လို့ ထင်ကြပါသလဲ။ အဲ့ဒီ့အခက်အခဲကို ဘယ်လိုကျော်လွှားကြမလဲဆိုတာကို ဦးကျော်ဇံသာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ အမျိုးသားလွှတ်တော်အမတ် ဦးအေးမောင်တို့နဲ့အတူ သောတရှင်တွေနဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

လက်ပံတောင်းအစီရင်ခံစာ ကန့်ကွက်မှုနဲ့ နိုင်ငံရေးဂယက်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် ကန့်ကွက်မှုတွေအပေါ် သဘောထားအမြင်နဲ့ ဒီကန့်ကွက်မှုတွေဟာ မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုရိုက်ခတ်မှုတွေရှိလာနိုင်သလဲဆိုတာကို အထက်မြန်မာပြည် ရှေ့နေကွန်ယက်က ဦးသိန်းသန်းဦးနဲ့ ခေတ်မြန်မာဂျာနယ်အယ်ဒီတာချုပ် ဦးမော်လင်းတို့ကိုပင်တိုင်ထားပြီး ဦးကျော်ဇံသာက သောတရှင်တွေနဲ့ ဆွေးနွေးထားပါတယ်။

ပဋိပက္ခကို ဒီမိုကရေစီ နည်းကျကျ ဖြေရှင်းရေး

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ပွင့်လင်းလွတ်လပ်မှုရှိလာပြီဆိုတဲ့ မြန်မာနိုင်ငံမှာ မကျေလည်နိုင်တဲ့ ပဋိပက္ခတချို့ဟာ အကြမ်းဖက်ဆူပူမှုအထိ ကြီးထွားလာပြီး လူတွေသေဆုံးတဲ့အထိ ပြင်းထန်နေပါတယ်။ ဒီလိုပြဿနာတွေကို အနုနည်းနဲ့ ဖြေရှင်းဖို့ မဖြစ်နိုင်ဘူးလားဆိုတဲ့အကြောင်းကို သမိုင်းပညာရှင် ဦးအောင်ခင်၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီအထွေထွေအတွင်းရေးမှူး ဦးဦးလှစော၊ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်တို့ကို ပင်တိုင်ထားပြီး သောတရှင်တွေနဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

လက်ပံတောင်း အရေး လွတ်လပ်သောကော်မရှင်နဲ့ အစိုးရခန့်ကော်မရှင်

လက်ပံတောင်းအရေးနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပေါ်ထွက်လာတာဟာ အစိုးရခန့် ကော်မရှင်အတွက် အားတက်စရာလား၊ ကသိကအောက်ဖြစ်စရာလားဆိုတာကို လက်ပံတောင်းစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်ခင်စန်းလှိုင်၊ ရှေ့နေများကွန်ယက်က ဦးလှထွန်း၊ ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုတို့နဲ့အတူ ဦးကျော်ဇံသာက သောတရှင်တွေကိုဖိတ်ခေါ်ပြီး ဆွေးနွေးထားပါတယ်။

အသံ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ထွန်းနေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ ကျန် ကမ္ဘာ့နိုင်ငံ အချို့မှာလို အာဏာရှင် စနစ်ကို လုံးဝ တွန်းလှန်ဖြိုဖျက်ပြီးမှ စတင်လိုက်တာမဟုတ်ပဲ၊ စနစ်ဟောင်းနဲ့ ညှိနှိုင်းပြီးပြောင်းလဲ လာတယ် ဆိုရင် မှားမယ်မဟုတ်ပါဘူး။ ဒီလိုထူးခြားတဲ့ ပြောင်းလဲမှု ပုံစံဟာ ဒီမိုကရေစီ ပီပီပြင်ပြင် ထွန်းကားရေး အတွက် အထောက်အပံ့ဖြစ်စေသလား၊ အဟန့်အတား ဖြစ်စေသလား ဆိုတာကို ဆွေးနွေးထားပါတယ်။

လက်နက်ကိုင်လှုပ်ရှားမှုနဲ့ ငြိမ်းချမ်းရေး

တိုင်းရင်းသားလက်နက်ကိုင်လှုပ်ရှားမှုနဲ့ ငြိမ်းချမ်းရေးအလားအလာတွေကို ဆွေးနွေးထားပါတယ်။

နေ့ စဉ်တီဗွီသတင်းလွှာ (၀၅-၂၅-၂၀၁၃)

Loading
๑๒:๐๐:๐๐ / -:--:--
ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဂျပန်စီးပွားရေးလုပ်ငန်းရှင်များနဲ့ အတူရန်ကုန်ရောက်၊လက်ပန်းတောင်းတောင်ရပ်တန့် ရေးဆန္ဒပြပွဲ ၆လပြည့်ဆုတောင်းပွဲ....စသည်

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--