ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ မတ်လ ၁၃ရက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံမှာဖြစ်သလို အဲဒီမှာခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်အရေး ထည့်သွင်းဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒီအကြောင်း မဆုမွန် စုစည်းတင်ဆက်ထားပါတယ်။
မလေးရှားမှာ ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေအကြောင်း မလေးရှားနိုင်ငံအခြေစိုက် ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့ က Zafar Ahmad Abdul Ghani (Myanmar Ethnic Rohingya Human Rights Organization in Malaysia (MERHROM) ကို Zoom ကနေ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
နေရပ်ရင်းပြန်ဖို့မရေရာ ရေရှည်ဘဝရပ်တည်ရေးအတွက်လည်း မသေမချာဖြစ်နေတဲ့ တသန်းကျော်သော ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်မျှော်လင့်ချက်အတွက်တော့ စိုးရိမ်စရာအခြေအနေမှာ ရှိနေဆဲပဲလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ ရိုဟင်ဂျာအရေးမျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီးဦးအောင်ကျော်မိုးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဝါရှင်တန်ဒီစီ ဗွီအိုအေစတူရီယိုမှာ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ထိုင်းမြန်မာနယ်စပ် သောင်းရင်းမြစ်ကမ်းစပ် မြန်မာပြည်တဘက်ခြမ်းက ဒူးပလာယာခရိုင်ထဲက ပလောတပို့စခန်းက ဒုက္ခသည်တွေ တချိန်ချိန်မှာ မိမိတို့ နေရပ်ရင်းပြန်ဖို့ မျှော်လင့်ချက်တွေအပြည့် ရှိနေကြပါတယ်။ သဘာဝဘေးဒဏ်ရော စစ်ဘေးဒဏ်ရော ရင်ဆိုင်ခဲ့ရတဲ့ ကရင်ပြည်နယ်တွင်းက စစ်ရှောင်တွေမှာ လေကြောင်းရန်ကို စိုးရိမ်နေကြဆဲပါ။
လှေစီးပြေးရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ပင်လယ်ပြင်ခရီးလမ်းတထောက် အခက်အခဲကြုံလို့ မိမိတို့ရဲ့နိုင်ငံတွေဆီ ဆိုက်ရောက်လာကြချိန် လူသားချင်းစာနာစိတ်လေးတွေနဲ့ ကူညီဖေးမပေးကြပါလို့ ထိုင်းနိုင်ငံမှာ ရိုဟင်ဂျာအရေးဆောင်ရွက်ပေးနေသူတွေက တိုက်တွန်းလိုက်ပါတယ်။
ပြန်လွတ်လာသူတွေထဲမှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ အနည်းအကျဉ်းသာပါတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လုပ်နေသူတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး မဆုမွန် တင်ပြပါမယ်။
ပြန်လွတ်လာသူတွေထဲမှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ အနည်းအကျဉ်းသာပါတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လုပ်နေသူတွေက ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မဆုမွန် တင်ပြပါမယ်။
လေ့ကေ့ကော် ထီးမယ်ဝါးကီး အပြင် နိုင်ငံတဝန်းက စစ်ရှောင်ပြည်သူတွေကိုပါ လက်ခံကူညီစောင့်ရှောက်ပေးနေတဲ့ ပလောတပို့ စစ်ရှောင်စခန်းတာဝန်ခံ နော်ဖောလွဲကို ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းမှာ ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က တွေ့ဆုံမေးမြန်းထားပါတယ်။
သတင်းသမားတွေ သတင်းမှန်ရရေး အလုပ်လုပ်တာဟာ ရာဇဝတ်မှု ကျူးလွန်တာမဟုတ်တဲ့အတွက် သတင်းသမားတွေအပေါ် တရားလက်လွတ်ဖမ်းဆီး သတ်ဖြတ်မှုတွေ အဆုံးသတ်ရေးနဲ့ တရားမျှတမှုရှိရှိ အရေးယူနိုင်ရေး ကြိုးပမ်းသွားမယ့်အကြောင်း မြန်မာသတင်းမီဒီယာကောင်စီ ICPM က ဗွီအိုအေကို ပြောပါတယ်။
ဆီးရီယားနိုင်ငံမှာ အာဏာရှင်အာဆတ် မိသားစုလိုက်ထွက်ပြေးခဲ့ရတဲ့အဖြစ်အပျက်ကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စုစည်ညီညွတ်ပြီး စဉ်ဆက်မပြတ်ပါဝင်လှုပ်ရှားခြင်းအားဖြင့် အောင်ပွဲရနိုင်တယ်လို့ နွေဦးတော်လှန်ရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းက ပြောပါတယ်။
လတ်တလောဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရေးနဲ့ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရုံး ရုံးအဖွဲ့ဝင်၊ စီမံရေးရာ တာဝန်ခံ ကိုဝင်းပေါ်မောင်ကို မဆုမွန် ဘန်ကောက်ကနေ Zoom က ဆက်သွယ်မေးမြန်းထားပါတယ်။
ဟောင်ကောင်မှာ ဒေသခံတွေ သိပ်ကိုဂုဏ်ယူကြတဲ့ ကွမ်တုန်းအစားအသောက်တွေ ပျောက်ပျက်မသွားအောင် ဘယ်လိုကြိုးစား ထိန်းသိမ်းနေကြပါသလဲ။ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်ကနေ ဟောင်ကောင်သွားပြီး Dim Sum စားရင်း လေ့လာကြရအောင်ပါ။
ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ဖြုတ်ချလိုက်နိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအပြောင်းအလဲက နိုင်ငံတွင်းဒုက္ခသည်စခန်းတွေထဲမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်သစ်များ ပေးစွမ်းနိုင်ခဲ့တယ်လို့ AFP မှာ ဖော်ပြပါတယ်။ ရိုဟင်ဂျာအရေးမျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန်က ပြောပြပေးပါမယ်။
ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေပိုမို ဆိုးဝါးလာနေတဲ့အခြေအနေ အသေးစိတ် ရိုဟင်ဂျာဒုက္ခသည် ၁၄၀၀၀ ထဲက လွတ်မြောက်လာသူတွေ ပြန်ပြောပြတာတွေကို စုစည်းပြီး တင်ပြထားတဲ့ AFP သတင်းဆောင်းပါးကို အခြေခံပြီး Hope for Rohingya ရိုဟင်ဂျာအရေးမျှော်လင့်ချက်အစီအစဉ်ကနေ မဆုမွန် ပြောပြပေးပါမယ်။
သဘာဝဘေးဒဏ်ကို နှစ်စဉ်ရင်ဆိုင်နေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် သူတို့ခိုလှုံနေထိုင်ရာ အဆောက်အဦတွေကို ခိုင်မာအောင် ဆောက်လုပ်ပေးဖို့နဲ့ သဘာဝဘေးဒဏ်ကြိုတင် ကာကွယ်နိုင်ရေး ဘင်္ဂလားအာဏာပိုင်တွေဘက်က ဒီ့ထက်ပိုပြီး စနစ်တကျဆောင်ရွက်ပေးဖို့လည်း ဒုက္ခသည်တွေ တောင်းဆိုကြပါတယ်။
ရိုဟင်ဂျာညီအမတွေပါ ပါဝင်တဲ့ Sisters to Sisters တော်လှန်ညီအစ်မတွေရဲ့ ဖြစ်တည်မှု-စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာ Sisters to Sisters အဖွဲ့အကြောင်း Sisters 2 Sisters အဖွဲ့ တည်ထောင်သူ ဦးဆောင်ကော်မတီအဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
စိန်ခေါ်မှုတွေ နဲ့ရင်ဆိုင်နေရတဲ့ ဒုက္ခသည်စခန်းထဲကအခက်အခဲတွေ၊ အသက်နဲ့ရင်းပြီး ပင်လယ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာညီအမတွေအတွက် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံတဝန်း က Sisters 2 Sisters အဖွဲ့ကနေ တော်လှန်ညီအမတွေက စိတ်ခွန်အားပေးတဲ့ပေးစာလေးတွေပေးပို့ပြီး အားပေးနေကြပါတယ်။
ဘင်္ဂလားဒေ့ရှ် အစိုးရသစ်လက်ထက် အုပ်ချုပ်ရေးအပြောင်းအလဲ ရိုဟင်ဂျာတွေအပေါ် သက်ရောက်နိုင်ခြေနဲ့ ဘင်္ဂလားအစိုးရသစ်နဲ့ NUG အစိုးရကြားလက်တွဲပူးပေါင်းဆောင်ရွက်မယ့်အလားအလာတွေနဲ့ပတ်သက်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကို ဗွီအိုအေ စတူရီယိုမှာ မဆုမွန်က တွေ့ဆုံမေးမြန်းထားပါတယ်။
ရခိုင်ပြည်နယ်တွင်းအာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား ပြင်းထန်နေတဲ့ တိုက်ပွဲတွေမှာ အသက်ဘေးကလွတ်အောင်တိမ်းရှောင်ပြေးနေရတဲ့ရိုဟင်ဂျာတွေအပါအဝင် ဒေသခံပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို လူသားဆန်မှု စာနာစိတ်တွေနဲ့ နိုင်ငံတကာစံ ဥပဒေတွေကို လိုက်နာချဉ်းကပ်ဖို့ NUG ဒုဝန်ကြီး အကြံပြုတိုက်တွန်းပါတယ်။
နောက်ထပ်ကြည့်ရှုရန်