လက်နက်ကိုင် ပဋိပက္ခနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ကျင်းပတဲ့ နှစ်သစ်ကူးသင်္ကြန်အတက်နေ့ စီတန်းလှည့်လှည်ပွဲတွေမှာတော့ မြန်မာနိုင်ငံသားတွေရော၊ ထိုင်းနိုင်ငံသားတွေပါ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ VOA မြန်မာပိုင်း အစီအစဉ်က ကိုအောင်အောင် သတင်းပေးပို့ထားပါတယ်။
ထိုင်း-မြန်မာနယ်ခြား အဓိကကျတဲ့ မြဝတီမြို့ကို ထိန်းချုပ်နိုင်ပြီ ဖြစ်တဲ့အကြောင်း KNU၊ PDF နဲ့ ပူးပေါင်းတပ်တွေက ကြေညာခဲ့ပြီး မြဝတီမြို့ရဲ့ အုပ်ချုပ်ရေး အနာဂတ်ကို ဘယ်လို ပုံဖေါ်မလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပြီး အခုအထိ ရေရေရာရာ မရှိသေးပါဘူး။
မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေချိန် ထိုင်းလေကြောင်းပိုင်နက်ထဲ မြန်မာစစ်လေယာဉ်တွေ ဝင်လာရင် ငါးမိနစ်အတွင်း တုံ့ပြန်ဖို့ ထိုင်းစစ်တပ်ကို ညွှန်ကြားထားတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး က ဒီနေ့ မဲဆောက်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
မြ၀တီမြို့က စစ်ကောင်စီတပ် ခလရ ၂၇၅ ကနေ မြန်မာစစ်သားတွေ ဆုတ်ခွာသွားတဲ့သတင်းနဲ့ ထိုင်းဘက်ကို ခိုဝင်ဖို့ လာနေတယ်ဆိုတဲ့သတင်းတွေ ထွက်နေတာကြောင့် ထိုင်းနိုင်ငံဘက်မှာ လုံခြုံရေးကို အထူးတင်းကြပ်ပြီး အသင့်အနေအထား နေရာယူထားပါတယ်။
မြ၀တီမြို့က စစ်ကောင်စီရဲ့ ခလရ ၂၇၅ ကနေ မြန်မာစစ်သားတွေ ဆုတ်ခွာသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒီနေ့ မနက်ပိုင်းအထိ တိုက်ပွဲ အသံတွေကို ထိုင်းနိုင်ငံဘက်က ကြားနေပါတယ်။ နယ်စပ် ချစ်ကြည်ရေးတံတားနေရာတချို့ကိုလည်း ထိုင်းဘက်က ဖြတ်သန်းခွင့် မပေးတော့ပါဘူး။
မြဝတီမြို့ခံတပ်ကို KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ထိုင်းဘက်ကလည်း နယ်စပ်ကို လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားပါတယ်။ မြဝတီမြိုခံတချို့ကတော့ နယ်ခြားကို ဖြတ်ပြီး ထိုင်းဘက်ကမ်းကို ကူးလာနေကြဆဲ ဖြစ်ပါတယ်။
ကရင်နီပြည်ထဲက အဓိကကျတဲ့ ဒေသတွေကို ကရင်နီ လက်နက်ကိုင်တပ်ပေါင်းစုက သိမ်းပိုက်ခဲ့ပြီး နယ်စပ်မြို့ မယ်စဲ့ကိုလည်း ခက်ခက်ခဲခဲ သိမ်းပိုက်ခဲ့ရတယ်လို့ ဒီတိုက်ပွဲမှာ ပါဝင်တဲ့ ကလလတ တပ်မှူးတွေက ပြောပါတယ်။
ကရင်နီပြည်လို့လည်း ခေါ်တဲ့ ကယားပြည်နယ်အတွင်း လူမျိုးစုလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေကြောင့် အိုးအိမ်ဆုံးရှုံးခဲ့သူ ၁၃၀၀၀ လောက် ခိုလှုံနေထိုင်တဲ့ ထိုင်း မြန်မာ နယ်စပ်တနေရာက ကရင်နီ စစ်ဘေးရှောင် စခန်းတွေမှာ ဘာတွေလိုအပ်နေပါသလဲ၊ ကိုအောင်အောင်က သွားရောက်တွေ့ဆုံ မေးမြန်းထားပါတယ်။
အနာဂါတ် မြန်မာနိုင်ငံ ဖွံ့ဖိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ပညာရပ်တွေ သင်ကြားဖို့ မြန်မာကျောင်းသူ ကျောင်းသား ထောင်နဲ့ချီအတွက် ပညာတော်သင်ဆုပေးအပ်မယ့် အစီအစဥ်သစ်နဲ့ ပတ်သတ်ပြီး USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ က ဖေဖေါ်ဝါရီ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အနာဂါတ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ ပညာရပ်တွေ သင်ကြားဖို့ မြန်မာကျောင်းသူ ကျောင်းသား ထောင်နဲ့ချီအတွက် ပညာတော်သင်ဆုပေးအပ်မယ့် အစီအစဥ်သစ်နဲ့ ပတ်သတ်ပြီး USAID နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ က ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
စစ်မှုထမ်းရမယ့် အချိန်မှာ လူသားဒိုင်းအဖြစ် အသုံးချခံရနိုင်မှာလား၊ ပြည်ပ အလုပ်အကိုင် စွန့်ပြီး စစ်မှုထမ်းရမယ့်သူတွေအနေနဲ့ လုပ်သက်အလိုက် ခံစားခွင့် နစ်နာမှုတွေအပြင် မူလအလုပ်ကို ပြန်ရဖို့လည်း မဖြစ်နိုင်တော့တဲ့ အခြေအနေတွေကိုလည်း သူတို့က ထောက်ပြ ပြောဆိုပါတယ်။
စစ်ကောင်စီက အတည်ပြုလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ လူငယ်တွေ အနာဂတ်နဲ့ ပတ်သတ်လို့ ဘယ်လောက်ထိ အာမခံချက်ရှိနိုင်မလဲဆိုပြီး ပြည်ပရောက် လူငယ်တွေက မေးခွန်းထုတ်လိုက်ပါတယ်။
တချိန်က ဆန်ရေစပါး ပေါ်ကြွယ်ဝတဲ့နိုင်ငံမှာ အခုအခါ အစာရေစာပြတ်လပ်ပြီး သေဆုံးကြတဲ့ သူတွေလည်း ရှိတယ်လို့ မျက်မြင်ကြုံတွေ့သူတွေက ပြောပါတယ်။ မြန်မာပြည်သူတွေ အစာရေစာ ဘယ်လို ချွေတာ စားသောက်နေရလဲဆိုတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့ သတင်းကို ကိုအောင်အောင် တင်ပြပေးထားပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သာမန်ပြည်သူတွေ နေ့စဉ် ရှင်သန်နေထိုင်နိုင်ဖို့ အပြင်းအထန် ရုန်းကန်လှုပ်ရှားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာ့အရေးဆွေးနွေးပွဲအကြောင်း ကိုအောင်အောင် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျောင်းလာတက်ရင်း ကွန်ပြူတာနဲ့ ဘွဲ့ရခဲ့ပေမယ့် စက်ပြင်လုပ်ငန်းကို ဝါသနာအရလုပ်ကိုင်ရင်း ကားပြင်ဆိုင် ဖွင့်ဖြစ်လာတာလို့ ကိုမင်းဂေါင်ထွန်းက ပြောပါတယ်။ မေရီလန်းပြည်နယ် မှာဖွင့်လှစ်ထားတဲ့ မင်း ကားပြင်လုပ်ငန်းအကြောင်း ကိုအောင်အောင်က သုတစုံလင်အမေရိကန်တခွင်အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဂန္တဝင်ဂီတ အဆိုတော်ကြီး ဒေါ်မာမာအေး ကွယ်လွန်သွားပေမယ့်လည်း သူချန်ရစ်တဲ့ အနုပညာအမွေအနှစ်တွေကတော့ နောင် မျိုးဆက်ပေါင်း များစွာအထိ ဆက်လက်တည်တံ့သွားမှာဖြစ်တယ်လို့ ဂီတဝါသနာရှင်တွေက ပြောပါတယ်။
ဟာမတ်စ်တွေကို မြေလှန်ချေမှုန်းနေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ပြီးဆုံးဖို့ အဝေးကြီးလိုသေးတဲ့အကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။ ဂါဇာနဲ့ ယူကရိန်းစစ်ပွဲတွေဟာ ၂၀၂၄ ခုနှစ်အတွင်း ဆက်ပြီး ဖြစ်ပွားနေဦးမယ့် စစ်ပွဲတွေပါ။
ပြည်ပကို စတင်ရောက်ရှိစဥ်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဘယ်လို ကျော်လွှားဖြတ်သန်းခဲ့သလဲ ဆိုတာတွေကို အားလုံးသိရှိရအောင်နဲ့ ကြိုတင်ပြင်ဆင်နိုင်အောင် ရေမြေခြားကို ရောက်ရှိနေသူတွေက သူတို့အတွေ့အကြုံတွေကို ပြန်လည်မျှဝေထားပါတယ်။ ကိုအောင်အောင်က ရေမြေခြားမှ ရုပ်ပုံလွှာ အစီအစဥ်ကနေ စီစဥ် ရိုက်ကူးတင်ပြထားပါတယ်။
အမေရိကန်ကာကွယ် ရေးဝန်ကြီး Lloyd Austin ဟာ ဒေသတွင်းလုံခြုံရေး ပိုခိုင်မာအားကောင်းစေဖို့ အရှေ့အလယ်ပိုင်းဒေသကို သွားရောက်ပါတယ်။ ဟာမတ်စ်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ ဂါဇာကို အစ္စရေးက ထိုးစစ်ဆင်နေချိန်မှာပဲ အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်