ဦးစည်သူအောင်မြင့် ပြည်တွင်းသတင်း သုံးသပ်ချက် “ ဗဟိုဘဏ် ဘာတွေ လုပ်နေသလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြမှာပါ။ ဦးစည်သူအောင်မြင့်နဲ့ အတူ မအင်ကြင်းနိုင်က ကူညီတင်ဆက်ထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ လူ သန်း ၃၀ စာအတွက်ဆို ကာကွယ်ဆေး သန်း ၆၀ လောက် လိုမှာဖြစ်တာကြောင့် နောက်ထပ် သန်း ၅၀ ကျော် ဝယ်ရဦးမယ့် သဘော ဖြစ်နေပါတယ်။ သေခြာတာကတော့ ဒီနှစ်မကုန်ခင် ကာကွယ်ဆေး အဲလောက် အရေအတွက် ဝယ်ယူရရှိဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။
စစ်ကောင်စီရဲ့ ကာကွယ်ဆေးထိုး စီမံချက် ဘာအခက်အခဲတွေ ရှိနိုင်သလဲ
စစ်ကောင်စီကတော့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းရဲ့ အခြေခံကျတဲ့ သံသယရှိသူတွေကို ဗိုင်းရပ်စ် ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးပေးတာ၊ စစ်ဆေးလို့ ကူးစက်ခံရရင် ဆေးဝါး ကုသပေးတာ၊ ထိတွေ့သူ နီးစပ်သူတွေကို Quarantine စင်တာတွေမှာ ခွဲခြားထားတာမျိုးကိုတောင် အကောင်အထည် ဖော်နိုင်တာ မတွေ့ရပါဘူး။
"ကာကွယ်ဆေး သို့မဟုတ် ကိုဗစ်ပြသနာအတွက် နောက်ဆုံး မျှော်လင့်ချက်”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီတပတ်ဆွေးနွေးတင်ပြမှာပါ။ ဦးစည်သူအောင်မြင့်နဲ့ အတူ မအင်ကြင်းနိုင်က ကူညီတင်ဆက်ထားပါတယ်။
နေ့စဉ် တကယ် ကူးစက်နေတဲ့ ကိန်းဂဏန်း၊ တကယ်သေဆုံးနေတဲ့ ကိန်းဂဏန်းဟာ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေထက် အဆ အများကြီး ပိုများနေတာမို့ လူဦးရေ အချိုးအစားနဲ့ တွက်ရင် ကမ္ဘာပေါ်က နေ့စဉ် ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး၊ ကိုဗစ်ဒဏ်ကို အခံရဆုံး နိုင်ငံတွေစာရင်း ဝင်လောက်ပါတယ်။
ဦးစည်သူအောင်မြင့် ပြည်တွင်း သတင်းသုံးသပ်ချက် မြန်မာနိုင်ငံမှာ Covid-19 ကြောင့် လူဘယ်လောက် သေခဲ့ပြီလဲ ဆိုတဲ့ ဒီတပတ်ဆွေးနွေးတင်ပြမှာပါ။ ဦးစည်သူအောင်မြင့်နဲ့ အတူ မအင်ကြင်းနိုင်က ကူညီတင်ဆက်ထားပါတယ်။
ကူးစက်ခံရသူတွေကို လက်ခံ ကုသပေးနိုင်မယ့် ကုတင်နေရာ အလွန်နည်းပါးနေသလို၊ သိန်းနဲ့ချီ အရေအတွက် ရှိနိုင်မယ့် သူတို့နဲ့ ထိတွေ့ခဲ့သူတွေကို ခွဲခြားပြီး Quarantine ဝင်စေမယ့် နေရာတွေ ရှိမနေတာကိုလည်း တွေ့မြင်ကြရမှာပါ။
Covid-19 ကာကွယ် ကုသမှု ဘယ် အခြေအနေ ရောက်နေသလဲ စစ်ကောင်စီ ဖြေရှင်းနိုင်မလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ပြမှာပါ။ မအင်ကြင်းနိုင်က ကူညီတင်ဆက်ထားပါတယ်။
အခုတော့ ဗဟိုဘဏ်ဟာ ကာစတန်မာ ပြည်သူတွေနဲ့ ဘဏ်တွေအကြား ထားရှိတဲ့ ပဋိဉာဉ်တွေချိုးဖေါက်ဖို့၊ အပ်ထားတဲ့ငွေတွေ ပြန်ထုတ်မပေးဖို့ ဘဏ်တွေကို ပြောင်ပြောင်တင်းတင်း ညွှန်ကြားလိုက်တဲ့ သဘော သက်ရောက်နေတာ တွေ့ရပါတယ်။
ပုဒ်မ ၅၀၅(က) နဲ့ ဖမ်းဝရမ်းတွေ ထုတ်တာ၊ ဘယ်နေရာမှာ ဆေးကုကု တွေ့တာနဲ့ ဖမ်းဆီးတာ၊ CDM ဆရာဝန်တွေ ဆေးကုတဲ့ ပုဂ္ဂလိက ဆေးရုံ၊ဆေးပေးခန်း၊ အခမဲ့ ဆေးခန်းတွေကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်တာ၊ အရေးယူ ပိတ်ပစ်တာ လုပ်ခဲ့ပါတယ်။
အရင် စစ်အာဏာရှင်တွေနဲ့ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု၊ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေကို အင်န်အယ်လ်ဒီ ရဲ့ ပြည်တွင်းမှာပဲ တရားစီရင်မယ် ဆိုတဲ့ သဘောထားကနေ အခု NUG အစိုးရက နိုင်ငံတကာမှာ တရားစီရင်တာမျိုးကိုပါ လက်ခံ၊ အားပေးတယ်ဆိုပြီး ပြောင်းလဲလိုက်ပါတယ်။
အာဆီယံနိုင်ငံတွေထဲမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်လို့ တက်လာတာ မဟုတ်တဲ့ တနည်းနည်းနဲ့ အာဏာရှင် စနစ် ကျင့်သုံးနေတဲ့ အာဏာပိုင်နိုင်ငံတွေက အများစုကြီး ဖြစ်နေတာပါ။
မကြေညာပဲ ဝင်ရောက် စီးနင်းပြီး မီဒီယာ သမားတွေကို ဖမ်းဆီးတာ လုပ်ပါတယ်။ အဲဒီအထဲမှာ ကမာရွတ် မီဒီယာ အယ်ဒီတာချုပ် နေသန်မောင်နဲ့ မန္တလေး အခြေစိုက် VOM သတင်းဌာန တာဝန်ခံ ကိုနေလင်းတို့အပြင် နယ်တွေမှာ အခြေစိုက်တဲ့ သတင်းဌာနတွေ၊ တိုင်းရင်းသား သတင်းဌာနတွေနဲ့ သတင်းထောက်တွေလည်း အများကြီး ပါဝင်တာ တွေ့ရပါတယ်။
ကိုယ်အပ်ထားတဲ့ငွေတွေကို ကိုယ်လိုသလောက် ပြန်ထုတ်လို့ မရရုံမက နည်းနည်းစီ ထုတ်ခွင့်ရဖို့ကိုလည်း လူပင်ပန်း၊ စိတ်ပင်ပန်းကြီးစွာ ထုတ်ယူနေရတဲ့ အခြေအနေမှာ ပြည်သူတွေဟာ ဘဏ်တွေကို ယုံကြည်စိတ်ချမှု နည်းသထက် နည်းလာနေတာ တွေ့ကြရပါတယ်။
အားလုံးရဲ့ တူညီတဲ့ အကဲဖြတ်ချက်ကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှု ကြီးကြီးမားမား မတွေ့ရ၊ ရွေးကောက်ပွဲ ရလာဒ်ကို ပြောင်းလဲစေနိုင်လောက်တဲ့ မသမာမှုမျိုး မတွေ့ရှိ၊ မဲစာရင်း ကောက်ယူခြင်း အပါအဝင် လုပ်ထုံးလုပ်နည်း ဆိုင်ရာ အားနည်းချို့ယွင်းချက်တစ်ချို့တော့ တွေ့တယ် ဆိုပြီး ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။
ပြသနာက စစ်ကောင်စီကနေ မိုဘိုင်းဒေတာ စနစ်၊ ဝိုင်ဖိုင် စနစ်၊ ဘရော့ဘင်း စနစ် စတဲ့ အင်တာနက် ဝန်ဆောင်မှု ၃ မျိုး ဖြတ်တောက်ချိန်ကနေ စပါတယ်။ သန်း ဆယ်နဲ့ချီတဲ့ ပြည်သူတွေဟာ အင်တာနက် ဝန်ဆောင်မှု မရတော့တဲ့အတွက် Mobile Banking တွေ အသုံးပြုလို့ မရတော့ပါဘူး။
ပြည်သူတွေရဲ့ မြန်မာဘီယာကို သပိတ်မှောက်မှု အကြီးအကျယ် အောင်မြင်မှု ရပြီး စစ်တပ်အတွက် ဝင်ငွေ ဒေါ်လာ သန်းပေါင်းများစွာ ထိခိုက်နစ်နာမှု ဖြစ်ပေါ်စေခဲ့ပါတယ်။
အခါအားလျော်စွာ အရေးကြီးလို့ ဆေးရုံမှာ ကုသမှု လာပေးတဲ့၊ ပြင်ပ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းနဲ့ ပရဟိတ ဆေးခန်းတွေမှာ ကုသမှုပေးတဲ့ CDM ဆရာဝန်တွေကို စစ်တပ်နဲ့ ရဲက ဖမ်းဆီးမှုတွေ လုပ်လာတဲ့အခါ အခြေအနေတွေ ပိုဆိုးသွားစေပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့ တက္ကသိုလ် ကောလိပ် အဆင့် သင်တန်းတစ်ချို့ ပြန်ဖွင့်ရေး အစီအမံဟာ ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရေး တိုးတက် မြင့်မားဖို့ ဆိုတာထက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အစိုးရယန္တယား ပုံမှန် လည်ပတ်နေတာကို ပြသချင်တဲ့ ဆန္ဒကို အကောင်အထည် ဖော်တာ ပိုပြီး ဖြစ်နိုင်ချေ ရှိပါတယ်။
နောက်ထပ်ကြည့်ရှုရန်