ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ နေရာတွေအပေါ် ကိုးကန့်၊ တအာင်းနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တွေ တိုက်ခိုက်နေတာဟာ အဲဒီအဖွဲ့တွေနဲ့ပတ်သက်တဲ့ လောင်းကစားမှုတွေကို စစ်တပ်က ဖမ်းဆီးခဲ့လို့ဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ပါတယ်။
စစ်ကောင်စီနဲ့ ရုရှာပူးပေါင်းပြီး အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ဖို့အတွက် နိုင်ငံရဲ့နေရာ တော်တော်များများမှာ ဖြစ်နိုင်ခြေ အလားအလာတွေဆန်းစစ်ဖို့ ပြင်ဆင်နေပြီလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။
စစ်တပ်က အာဏာယူခွင့် ၆ လ သက်တမ်းတိုးထားချိန်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ထက် တည်ငြိမ်ရေးကို ဦးစားပေးဆောင်ရွက်မယ်လို့ စစ်ကောင်စီက ပြောကြားပါတယ်။
စစ်ကောင်စီကစီစဉ်ထားတဲ့ အထွေထွေရွေးကောက်ပွဲတွေ ဒီနှစ်အတွင်း ကျင်းပဖြစ်မယ်ဆိုတာ တပ်အပ်မပြောနိုင်သေးဘူးလို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီရဲ့ ကတိကဝတ်အတိုင်း ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေပေမယ့်၊ အနှောက်အယှက်တွေ ရှိနေတယ်လို့လည်း ပြောပါတယ်။
“အဂတိလိုက်စားမှုဥပဒေဆိုတာ သတင်းကျော်ဇောရမယ်။ တိုင်စာတွေရှိရမယ်။ လျှောက်ထားချက်တွေ ရှိရမယ်။ အခု ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးမျိုးအောင်တို့၊ ဦးရဲမင်းဦးတို့ ၁ ရက်၊ ၂ လ ၊ ၂၀၂၁ ဟိုဘက်က တိုင်စာကို မရှိတာ။ တိုင်စာမရှိရင် အရေးယူလို့ မရဘူး။” (ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ)
ဒီကနေ့ မနက်အစောပိုင်း သပိတ်တွေမစခင် မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ အင်းစိန်ပေါက်တောဝ၊ ရွာမကျောင်းလမ်း၊ စမ်းချောင်း၊ သာကေတနဲ့ မြို့ထဲဘက်မှာ သပိတ်မစခင်ဖြိုခွဲတာရှိခဲ့ပါတယ်။
မတ်လ ၆ ရက်ညက အဖမ်းခံရတဲ့ ပန်းဘဲတန်း NLD ရပ်ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ဟာ ၇ ရက်မနက်မှာ နှလုံးရောဂါနဲ့ကွယ်လွန်သွားပြီး လက်ချောင်းတွေ အညိုအမည်းစွဲတာဟာ နှလုံးရောဂါကြောင့်ဖြစ်သလို ခေါင်းကသွေးထွက်တာကတော့ ရင်ခွဲစစ်ဆေးလို့ ဖြစ်ကြောင်း သက်ဆိုင်ရာအာဏာပိုင်တွေက ကျန်ရစ်သူမိသားစုဝင်တွေကို ရှင်းပြခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ထဲက အာဏာသိမ်း စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းအပြီး စစ်ဆန့်ကျင်ဆန္ဒပြမှုတွေဟာ နေရာအနှံ့ပေါ်ထွက်လာတာ တလ ကျော်နေပြီဖြစ်ပေမဲ့ ခုအချိန်ထိ အရှိန်လျော့သွားတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တာ တလကျော်လာပြီ ဖြစ်ပေမဲ့ လမ်းပေါ်ထွက် ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အရှိန်ကောင်းလာနေဆဲ ရှိပါတယ်။ ဒီကနေ့မှာတော့ စစ်အုပ်ချုပ်ရေးကောင်စီဘက်ကနေ မုံရွာ၊ မန္တလေး၊ မကွေးတို့မှာ အင်အားသုံးဖြိုခွင်းတာတွေကြောင့် လူ ၈ ဦး ထပ်မနည်း သေဆုံးခဲ့ရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က စလို့ တပ်မတော်အာဏာသိမ်းလိုက်တဲ့ အပေါ် ဆန့်ကျင်ဆန္ဒပြမှုတွေဟာ အရှိန်လျော့ မသွားဘဲ ဆက်လက်ရှိနေဆဲဖြစ်ပြီး ဒီကနေ့မှာတော့ စမ်းချောင်းနဲ့ လှိုင် ကမာရွတ်ဘက်တွေမှာတော့ အာဏာပိုင်တွေဘက်က သပိတ်ဖြိုခွဲတာနဲ့ ဆန္ဒပြသူတွေကို ပိုက်စိပ်တိုက် ဖမ်းဆီးတာတွေ လုပ်လာတွေ ရှိတယ်လို့ ပြောပါတယ်။
ရန်ကုန်တိုင်း တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်မှာ ဖေဖော်ရီလ ၂၅ ရက် ကြာသပတေးညနေပိုင်းမှာ ဖမ်းဆီးခံခဲ့ရသူ အယောက် ၄ဝ ပတ်ဝန်းကျင်ရှိပြီး သူတို့ကို ဘယ်မှာချုပ်ထားတယ်ဆိုတာ မိသားစုဝင်တွေ မသိကြရပါဘူး။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က အဖမ်းခံခဲ့ရတဲ့ ပူတာအိုက အလွတ်တန်းသတင်းသမား ကိုဖေနောင်းအောင်လည်း အပါအဝင်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် အသစ်ဖွဲ့လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်က သောကြာနေ့မှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားပါတယ်။
နှစ်ငါးလုံး လူထုလှုပ်ရှားမှုဆိုပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာသိမ်းကန့်ကွက်ဆန္ဒပြမှုတွေ မနေ့က လုပ်ခဲ့ရာမှာ နေပြည်တော်မှာ ဖမ်းဆီးခံရသူ လူအားလုံးနီးပါး ဒီကနေ့ပြန်လွတ်လာပါတယ်။
နှစ်ငါးလုံး လို့ ခေါ်ကြတဲ့ တနင်္လာနေ့က နေပြည်တော် ရာဇဌာနီအဝိုင်းမှာ အများစု ပျဉ်းမနားက ဆန္ဒပြသူတွေကို ရဲနဲ့ စစ်သားတွေက ဖမ်းဆီးခဲ့ကြပါတယ်။ လူ ၂ဝဝနီးပါး နဲ့ဆိုင်ကယ် ၃ရာနီးပါး၊ ကား၈ စီးကို ဖမ်းသွားတယ်လို့ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မမေခ က ပျဉ်းမနားဒေသခံတဦးကို မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်း ၂၂ ရက်မြောက် နေ့ဖြစ်တဲ့ ၂၂၊ ၂၊ ၂၀၂၁ ခုနှစ်၊ နှစ် ငါးလုံးစုံတဲ့ ဒီနေ့မှာ နိုင်ငံတဝန်းအထွေထွေ သပိတ်ဆင်နွှဲခဲ့တာမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်နဲ့ ပျဉ်းမနားဘက်မှာတော့ ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေ၊ သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးဖို့ လုပ်ဆောင်တာတွေရှိခဲ့ပါတယ်။
မန္တလေးမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက စနေနေ့မှာ အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် အနည်းဆုံး ၂ ဦး သေဆုံးပြီး အတော်များများ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ကိုယ်တိုင်ကုသမှုပေးခဲ့တဲ့ ဆရာဝန်တဦးကို ဗွီအိုအေ သတင်းထောက် မမေခက မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဖမ်းဆီးထားသူ ၄၀၀ ကျော်ထက်မနည်းရှိကြောင်း နိုင်ငံရေးအကျဉ်းသားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေဟာ မိသားစုနဲ့ တွေ့ခွင့်မရသလို၊ ဥပဒေနဲ့အညီ အခွင့်အရေးတွေ မရကြဘူးလို့လည်း ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပေးပါမယ်။
အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် နေပြည်တော်မှာ စစ်တပ်က သတင်းစာရှင်းလင်းပွဲ ကျင်းပရာမှာတော့ သတင်းမီဒီယာ တော်တော်များများ ကန့်ကွက်တဲ့အနေနဲ့ မတက်ရောက်ခဲ့ကြပါဘူး။
နောက်ထပ်ကြည့်ရှုရန်