မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အခက်အခဲနဲ့ စိမ်ခေါ်မှုတွေ ရှိနေပေမဲ့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ သိသိသာသာကို တိုးတက်လာခဲ့တယ်လို့ ဂျပန် - အမေရိကန် ပညာရှင်တွေက ပြောပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်မှုအခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပြီး ရင်းနှီး မြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ ဂျပန်သံအမတ်ကြီးက ဗွီအိုအေကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော် Carneige Endowment for International Peace က ဦးစီးကျင်းပတဲ့ မြန်မာ့အရေးဆိုင်ရာ အမေရိကန် - ဂျပန် နှစ်နိုင်ငံ အကူအညီပေးရေး ဆွေးနွေးပွဲကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ ဘယ်လိုအခြေအနေတွေရှိလဲ၊ အမေရိကန်နဲ့ ဂျပန် နှစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဘာတွေ အကူအညီတွေ ပေးနေသလဲဆိုတာ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးတွေဘက်က တင်ပြခဲ့ကြတာပါ။
အမေရိကန်ပြည်ထောင်စုဆိုင်ရာ ဂျပန်သံအမတ်ကြီးရဲ့ တင်ပြချက်မှာဆိုရင် မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အမေရိကန်ဒေါ်လာ သန်းနဲ့ချီပြီး အကူအညီပေးခဲ့ကြောင်းနဲ့ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ဂျပန်နိုင်ငံဘက်က အကောင်းမြင် မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းတွေအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ထောက်ပံဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ အောင်မြင်နိုင်ရေး ကူညီပံ့ပိုးဖို့ ဂျပန်နိုင်ငံရဲ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ကြီး ဆာဆာကာဝါကို အထူးသံအမတ်ကြီးအဖြစ် ခန့်အပ်ထားပါတယ်။ နောက်ပြီး ဒီလုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့ဖို့ ဂျပန်က အဆင်သင့်ဖြစ်နေကြောင်းလည်း ကျနော်တို့ ကြေညာထားပါတယ်။”
မြန်မာနိုင်ငံမှာ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တခုဖြစ်တဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဂျပန်နိုင်ငံက ယှဉ်ပြိုင်နိုင်မယ့် အနေအထားနဲ့ ပတ်သက်လို့ ဗွီအိုအေက သံအမတ်ကြီးကို မေးတဲ့အခါမှာတော့ -
“ကျနော့်မှာ ကိန်းဂဏန်း အချက်အလက် အတိအကျနဲ့တော့ အခုတခါတည်း ပြောလို့ မရနိုင်ပါဘူး။ ဂျပန်အနေနဲ့ တရုတ်နဲ့ ယှဉ်ပြိုင်သွားမှာတော့ မဟုတ်ပါဘူး။ မြန်မာ့စီးပွားရေး တိုးတက်လာဖို့ တရုတ်ဟာ အိမ်နီးချင်း နိုင်ငံအနေနဲ့ အရေးပါသလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် မိတ်ဆွေကောင်းအဖြစ် ရပ်တည်သင့်တယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ မြန်မာ့စီးပွားရေးမှာ တရုတ် တနိုင်ငံတည်း ထိန်းချုပ်လို့ မရတော့ပါဘူး။ အခုဆိုရင် အာဆီယံ၊ အန္ဒိယ၊ အမေရိကန် စတဲ့ နိုင်ငံတွေလည်း ရင်းနှီးမြှုပ်နှံလာကြပါပြီ။”
ဂျပန်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီထက်ပိုပြီး ရင်းနှီးမြှုပ်နှံဖို့ရှိပါတယ်။ နောက်ပြီး အနာဂတ်မှာ ပွင့်လင်းလာမယ့် အခြေအနေပေါ် ဂျပန်လုပ်ငန်းရှင်တွေဘက်ကလည်း ရင်းနှီးမြှုပ်နှံဖို့ လိုလားနေပါတယ်။ ဆွေးနွေးပွဲမှာ အမှာစကားပြောကြားတဲ့ မြန်မာသံအမတ်ကြီးကလည်း ဂျပန်နဲ့ အမေရိကန် နှစ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုတွေဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကဏ္ဍမှာ အလွန်အရေးပါပုံကို ပြောဆိုသွားပါတယ်။
အထူးသဖြင့် အမေရိကန်အစိုးရဘက်က မြန်မာနိုင်ငံကို ကုန်သွယ်ခွန် အထူး ကင်းလွတ်ခွင့်ပေးဖို့ ကြိုးစားနေတဲ့အကြောင်း ထုတ်ဖော်ပြောဆိုသွားသလို အမေရိကန်ဘဏ်တွေအနေနဲ့ မြန်မာ့ကုန်သွယ်ရေး တိုးတက်လာအောင် ကူညီဆောင်ရွက်ဖို့ ကမ်းလှမ်းထားကြောင်းလည်း အခုလို ပြောပါတယ်။
“တိုးတက်လာတဲ့ နောက်ဆုံးအခြေအနေကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ကုန်သွယ်ကူးသန်းရောင်းဝယ်နေတဲ့ အမေရိကန် လုပ်ငန်းရှင်တွေကို တင်ပို့ကုန်တွေပေါ်မှာ အခွင့်အလမ်းကောင်းရစေမယ့် အာမခံချက်တွေ၊ ချေးငွေရယူနိုင်တဲ့ အာမခံချက်နဲ့ တိုက်ရိုက်ချေးငွေတွေ ထုတ်ပေးမယ်လို့ US Ex-Im ဘဏ်လို့ခေါ်တဲ့ အမေရိကန် ထုတ်ကုန်သွင်းကုန်ဘဏ်က ဒီလအစောပိုင်းက ကမ်းလှမ်းခဲ့တာပါ။ ဒါဟာ အမေရိကန်နဲ့ မြန်မာ ကုန်သွယ်ရေးမှာ ပိုပြီး တိုးတက်လာစေတဲ့အပြင် ကမ္ဘာ့စီးပွားရေးမှာ မြန်မာနိုင်ငံ ပြန်ပြီး ပါဝင်လာရေးအတွက် အထောက်အကူပြုပါတယ်။”
ဒီဆွေးနွေးပွဲမှာ ထူးခြားတာကတော့ အမေရိကန်၊ ဂျပန်၊ မြန်မာအစိုးရတွေရဲ့ ကိုယ်စားလှယ်တွေသာမက စီးပွားရေး ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ တက်ရောက် ဆွေးနွေးကြတာပါ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေ အလေးထား စောင့်ကြည့်နေတာ တွေ့ခဲ့ရပါတယ်။
လက်ရှိ မြန်မာအစိုးရနဲ့ ဆက်ဆံရေးမှာလည်း နိုင်ငံတကာ အစိုးရတွေသာမက လုပ်ငန်းရှင်တွေကပါ သတိထားနေကြတယ် ဆိုပေမဲ့လည်း မြန်မာနိုင်ငံမှာ အခွင့်အလမ်းတွေဟာ အရင်ကထက်စာရင် ပိုပြီး ပွင့်လင်းလာတယ်လို့ ကမ္ဘာ့လုပ်ငန်းရှင် အဖွဲ့အစည်းတခုဖြစ်တဲ့ GE ကုမ္ပဏီရဲ့ ကိုယ်စားလှယ်က ဆွေးနွေးပွဲမှာ ပြောဆိုသွားပါတယ်။